“ညီလေး ရွှတ် ရွှတ် ရွှတ်” လို့စခေါ်ကတည်းက သူအလိမ်ခံရတော့မည်၊ ခေတ်စကားနှင့်ဆိုပါလျှင် ဂျင်းမိ တော့မည် မှန်း ကျွန်တော်သိလိုက်ပါပြီ။ ကျွန်တော်လည်း ရန်ကုန်ကိုရောက်ခါစကထိုသို့ပင် ဂျင်းအမိခံ ခဲ့ ရသည်မဟုတ်ပါလား။ အခေါ်ခံရသောညီလေးသည် အသက်အားဖြင် ၂၀ စွန်းစွန်းသာရှိဦးမည်။ ရုပ်ရည် ခပ်သန့်သန့်ထဲကဖြစ်ပြီး ဆံပင်ကိုကျော့နေအောင်ဖြီးထားကာ ဂျင်းဘောင်းဘီနှင့်တီရှပ်ကိုသေသေသပ် သပ်ဝတ်ဆင်ထားလေသည်။ သူ့မျက်နှာမှာတော့ ဝက်ခြံဖုများက ဟိုတစ်စုဒီတစ်စုဖြင့် နီညိုရောင်သန်း နေလေ၏။ ထိုအချက်ကပဲ တရွှတ်ရွှတ်အခေါ်ခဲ့ရလေခြင်းပင်။ Continue reading “ဆေး”
ရပ်ကွက်ထောက်ခံစာ
အပန်းမကြီးလှဘူးဟုယူဆထားသည့် သူက ကျွန်တော့်ကို “ရပ်ကွက်ထောက်ခံစာလေးတစ်စောင် လောက် မနက်ဖြန်ရုံးတက်ရင်ယူခဲ့ပါကွာ” ဟုပြောခဲ့ရာမှ ထိုအဖြစ်အပျက်စတင်ခဲ့ခြင်းဖြစ်ပါသည်။ ကျွန် တော်အလုပ်ဆင်းရတော့မည်။ မနက်ဖြန်ကျွန်တော်အလုပ်ဆင်းရတော့မည်လေ။ ရပ်ကွက်ထောက်ခံစာ ကိုအလုပ်ဆင်းသည့်နေ့တွင်ယူလာရန် HR မန်နေဂျာက မှာလိုက်ခြင်းပင်။
“ဟုတ်ကဲ့ ယူခဲ့ပါ့မယ်”
ကျွန်တော်ကတိပေးလိုက်မိသည်။ နေထိုင်ရာရပ်ကွက်ရုံးတွင် ထောက်ခံစာတစ်စောင်ယူလိုက်ရင်ရပြီ ပေါ့။ အလုပ်သစ်အတွက် အပြတ်သဖို့ လှည်းတန်းတွင်ဆံပင်ဝင်ညှပ်မည်။ အွန်လိုင်းမှ မှာယူထားသော ရှူးဖိနပ်သစ်ကို မနက်ဖြန်အလုပ်သစ်မှာထုတ်ကြွားစီးဖို့အတွက် ခြေအိတ်အသစ်လည်းဝင်ဝယ်ရဦးမည်။ ဆံပင်ညှပ်ရင်းမျက်နှာလေးပါပေါင်းတင်လိုက်ဦးမှပါ။ ကောင်မလေးတွေအမြင်မှာ လန်းနေဖို့လိုအပ် သည်မဟုတ်ပါလား။ လုပ်စရာရှိသည်များကိုလုပ်ပြီးသည့်နောက်တွင် အိမ်ပြန်သည့်အခါ ရပ်ကွက်ရုံးကို ဝင်ပြီး ရပ်ကွက်ထောက်ခံစာယူလိုက်မည်ပေါ့။ Continue reading “ရပ်ကွက်ထောက်ခံစာ”
လှိုင်းနှစ်စင်း ကောက်ကြောင်း အပိုင်း (၂၂) ဇာတ်သိမ်း
လှိုင်းနှစ်စင်း ကောက်ကြောင်း
(၂၃)
သန့်ရှင်းတောက်ပြောင်နေသည့် တိုက်တာအဆောက်အဦတွေက ကျွန်တော့်ဘေးပတ်ပတ်လည်မှာ။
“ငါ မှားသွားလား၊ မှားလည်း ငါရွေးခဲ့တဲ့လမ်း၊ ငါကျေနပ်တယ်”
အဝေးဆီမှာ ပင်လယ်ရေပြာပြာတွေကိုမှိန်ပျပျမြင်နေရသည်။ ကျွန်တော်ရောက်နေတာက လူရှင်း တဲ့နေရာတစ်နေရာ။ ကျွန်တော့်ဘေးမှာ မြတ်နိုးရော၊ ညီမလေးရော မရှိပါ။ အလုပ်လည်းမသွားဖြစ်။ ဒီနေ့ တစ်နေကုန်ဒီနေရာမှာထိုင်ရင်း အချိန်ဖြုန်းဖို့စဉ်းစားထားသည်။ Continue reading “လှိုင်းနှစ်စင်း ကောက်ကြောင်း အပိုင်း (၂၂) ဇာတ်သိမ်း”
လှိုင်းနှစ်စင်း ကောက်ကြောင်း အပိုင်း (၂၁)
(၂၁)
ထင်တားသလိုပါပဲ။ မြတ်နိုးကိုတွေ့ဖြစ်အောင်တွေ့သွားသည်။ စင်ကာပူဟာ မြန်မာနိုင်ငံမဟုတ်တော့ သူလုပ်ချင်သလိုလုပ်လို့မရဘူးလို့ ကျွန်တော်တွေးထားခဲ့သည်။ ဒါပေမဲ့ နိုနိုဟာ ကျွန်တော့်အတွက်မဲ ပြီး လုပ်ချင်ရာလျှောက်လုပ်နေပြီ။ နိုနိုတို့မိသားစုက စင်ကာပူလိုနိုင်ငံကိုတော့ ကိုယ့်အိမ်ကိုယ့်မြေလို လာနေကျမို့ သိပ်မစိမ်းတာကြောင့်လည်းပါမည်။
“မြတ်နိုး ကိုယ့်ဆီကိုတော့ဖုန်းဆက်သင့်တယ်”
“ဟင့်အင်း၊ သူရုတ်တရက်ကြီးရောက်လာတာ မြတ်နိုးလည်းဘယ်ထင်ထားပါ့မလဲ၊ အလုပ်ထဲကအ ထွက် ခေါ်သံကြားလို့လှည့်ကြည့်မိလိုက်တာ သူဖြစ်နေတာပဲ”
“မြတ်နိုးကိုသူရန်ရှာသေးလား”
“ဟင့်အင်း၊ အေးဆေးပါပဲ၊ သူလိုချင်တာပြောပြီးသူပြန်သွားတာ” Continue reading “လှိုင်းနှစ်စင်း ကောက်ကြောင်း အပိုင်း (၂၁)”
လှိုင်းနှစ်စင်း ကောက်ကြောင်း အပိုင်း (၂၀)
(၂၀)
အဲဒီမိန်းမ ဒီအချိန်ဆိုရုံးဆင်းကျဆိုတာ နိုနိုစုံစမ်းသိရှိပြီးသား။ တစ်ခါတစ်ခါတော့ Bugis ဖက်ကိုသွား ပြီး ကို့ ကိုသွားကြိုတတ်သည်။ တစ်ခါတစ်လေ ယောင်းမလောင်းဖြစ်သူနဲ့တွေ့တတ်သည်။ ဒီနေ့တော့ သူတွေ့ရမှာ ကိုကိုရော၊ ကိုကို့ညီမရောမဟုတ်။ နိုနိုပဲဖြစ်ရမည်။
“မ မြတ်နိုး”
နိုနို့ကို သူမြင်ဖူးသလား၊ မမြင်ဖူးသလားတော့မသိ။ သူ့နာမည်အခေါ်ခံလိုက်ရတာမို့ နည်းနည်းတော့ ကြောင်သွားသလိုကြည့်နေသည်။
“စကားနည်းနည်းပြောချင်လို့၊ ကျွန်မ နိုနိုပါ” Continue reading “လှိုင်းနှစ်စင်း ကောက်ကြောင်း အပိုင်း (၂၀)”