လှိုင်းနှစ်စင်း ကောက်ကြောင်း အပိုင်း (၁၉)

(၁၉)
နောက်တစ်နေ့မှာပဲ ကျွန်တော်မျှော်လင့်ထားတဲ့နေ့ကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့လေသည်။ ဖုန်းနံပါတ်အစိမ်းဝင်လာကတည်းက နိုနိုဖြစ်မယ်ဆိုတာထင်မိပြီးသား။ ကျွန်တော့်ကိုဖုန်းဆက်မယ့်သူ ကဒီရက်ပိုင်းမှာနှစ်ယောက်ပဲရှိမည်။ မြတ်နိုးရယ်၊ ညီမလေးရယ်။ အလုပ်ဖုန်းတွေက တစ်ပတ်နှစ်ပတ် ကျမှ အကြောင်းပြန်မှာမို့ မဆက်နိုင်သေး။
“ရှောင်ပြေးလို့လွတ်မယ်များထင်နေလား ကို၊ ရှင်ဘယ်သွားသွား နိုနိုလိုက်လာနိုင်တယ်ဆိုတာကို တော့သိထားပေးပါ”
“အပိုတွေပြောမနေနဲ့နိုနို၊ မင်းဆက်လာမယ်ဆိုတာသိနေပြီးသား၊ ကဲပြောစရာရှိတာပြော” Continue reading “လှိုင်းနှစ်စင်း ကောက်ကြောင်း အပိုင်း (၁၉)”

လှိုင်းနှစ်စင်း ကောက်ကြောင်း အပိုင်း (၁၈)

(၁၈)
“ကိုကို ညီမလေး အဲဒီမိန်းမနဲ့တွေ့ခဲ့ပြီ”
နိုနိုက ညီမလေးဆီကနေတစ်ဆင့် ကျွန်တော့်ကိုဒုက္ခစပေးလာခဲ့တော့သည်။ ကျောင်းတက်ပြီးအချိန် ပိုင်းအလုပ်ဆင်းပြီး အေးအေးဆေးဆေးလည်ပတ်နေတဲ့ညီမလေးကို ဒုက္ခသွားပေးခြင်းပင်။ ကျွန်တော့် ဆီကို တိုက်ရိုက်လာနိုင်ခြေများတယ်လို့ယူဆပေမယ့် ညီမလေးနဲ့ပြောထားတဲ့အတိုင်း လူချင်းတွေ့ပြီး ဖြစ်ချင်တာတွေကိုပြောသွားခဲ့သည်။
ညနေအလုပ်ကအပြန် ညီမလေးက ကျွန်တော့်ကိုလာတွေ့ခဲ့သည်။ အဲဒီနေ့ကမြတ်နိုးနဲ့မတွေ့ဖြစ်ပါ။ အချိန်ပိုဆင်းရမှာမို့ ကျွန်တော့်အခန်းရှိရာကိုတစ်ယောက်တည်းပဲပြန်ဖို့ ဖုန်းဆက်ခဲ့သည်။ မြတ်နိုးမရှိ တော့ မောင်နှမနှစ်ယောက် ဘာဆက်လုပ်ရမလဲ တိုင်ပင်ဖို့ပိုကောင်းသွားတယ်လို့ထင်ရသည်။ Continue reading “လှိုင်းနှစ်စင်း ကောက်ကြောင်း အပိုင်း (၁၈)”

လှိုင်းနှစ်စင်း ကောက်ကြောင်း အပိုင်း (၁၇)

(၁၇)
“ကိုကိုရေ၊ နင့်ပြသနာကြီးတော့ စလုံးကိုလိုက်လာပြီထင်တယ်၊ ညီမလေးဆီဖုန်းဆက်တယ်ဟ၊ လာတွေ့မယ်ပြောတယ်၊ အခုတော့မဟုတ်သေးဘူးတဲ့၊ ပဟေဠိစကားတွေပြောပြီးဖုန်းချသွားတယ်”
ကျွန်တော်အလုပ်လုပ်နေတုန်းမှာ ညီမလေးဆီကဖုန်းလာခဲ့သည်။ ရုတ်တရက်တော့ကြောင်သွားမိခဲ့ ၏။ နိုနိုအဲဒီလောက်အထိတော့ သတ္တိမရှိဘူးလို့ထင်ထားခဲ့သည်။
“ညီမလေး၊ နင့်ဟာကသေချာလို့လားဟာ”
“အင်း ထင်တာကိုပြောတာပါ၊ သေချာတော့မသိဘူး၊ ဒါပေမဲ့ ကိုကိုနဲ့ပတ်သက်ရင်အဲဒီမိန်းမပဲရှိတာမှ လား၊ သူပဲဖြစ်ဖို့များတယ်၊ ညီမလေး ညကျရင် Bugis ကိုလာခဲ့မယ်၊ မြတ်နိုးကိုရောခေါ်ထားလိုက်ပါ၊ ညစာအ တူစားပြီးမှ ပြန်ကြမယ်” Continue reading “လှိုင်းနှစ်စင်း ကောက်ကြောင်း အပိုင်း (၁၇)”

လှိုင်းနှစ်စင်း ကောက်ကြောင်း အပိုင်း (၁၆)

(၁၆)
တကယ်တော့ မြန်မာနိုင်ငံနဲ့စင်ကာပူနိုင်ငံဆိုတာ တကယ့်ကိုနီးနီးလေးပါ။ လေယာဉ်သုံးနာရီဝန်းကျင် စီးလိုက်ရင် တန်းရောက်သွားတဲ့နေရာပင်။ ဒါပေမဲ့ စလုံးကိုလာဖို့ကျွန်တော် ရက်ပိုင်းအတွင်းလှုပ်ရှား ရတာတော့ မလွယ်ကူလှ။ ဗီဇာကကိုယ်တိုင်မလုပ်နိုင်တော့ စလုံးဖက်မှာရှိတဲ့သူငယ်ချင်းတစ်ယောက် ကိုအွန်လိုင်း ဗီဇာတင်ခိုင်းရသည်။ သူငယ်ချင်းက ဟိုနိုင်ငံသားခံယူထားတာမို့ တစ်ရက်ပဲစောင့်လိုက် ရ၏။
ပြီးတော့ အလုပ်။ ကျွန်တော်စလုံးရောက်ရင်ဘာလုပ်ရမလဲ။ ဗီဇာသက်တမ်းကုန်သွားရင်ဘယ်လိုရှေ့ ဆက်ရမလဲ။ နေဖို့ကရောဘယ်လိုစီစဉ်ရမလဲ။ အဲဒါတွေအားလုံးကို တစ်ပတ်လောက်အချိန်ယူပြီး တစ် ယောက်တည်း ကျိတ်လုပ်နေမိသည်။ ရုံးကလည်းမသိစေရ၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းလည်း မသိစေရ၊ အဓိကတော့ နိုနိုမသိစေရပါ။ အမေ့ကိုတော့ ပြောပြထားသည်။ အမေကပြသနာမရှိ။ ဟိုမှာ ညီမလေးလည်းရှိတော့ စိတ်ချသည်။ ညီမလေးအတွက်ပါ စိတ်ချတာမို့ ကျွန်တော်စလုံးသွားမှာကိုလုံး ဝမတား။
အချိန်တိုအတွင်းစီစဉ်မှုနဲ့ ကျွန်တော် စင်ကာပူကိုရောက်လာခဲ့လေသည်။ သူများနိုင်ငံမှာ သူများခိုင်းတဲ့ အလုပ်ကိုလုပ်ဖို့ ဘယ်တုန်းကမှ စိတ်မကူးခဲ့ပေမယ့် ချစ်တဲ့စိတ်တစ်ခုတည်းက အရာအားလုံးကိုလွှမ်း မိုးချုပ်ကိုင်နိုင်ခဲ့လေပြီ။
“အဲဒီလောက်ထိ မြန်မယ်လိုဘယ်ထင်ထားပါ့မလဲ” Continue reading “လှိုင်းနှစ်စင်း ကောက်ကြောင်း အပိုင်း (၁၆)”

လှိုင်းနှစ်စင်း ကောက်ကြောင်း အပိုင်း (၁၅)

(၁၅)
“ဟေ့ရောင် ဧည့်ခန်းမှာ မင်းစော်ရောက်နေတယ် ထွက်တွေ့ပါတဲ့”
ပြသနာတော့ ရုံးအထိတောင်လိုက်လာခဲ့ပြီ။ ကျွန်တော် ဒီရက်ပိုင်းနိုနို့ကိုတတ်နိုင်သမျှမတွေ့ဖြစ် အောင်ရှောင်နေခဲ့ပါသည်။ ဖုန်းလာရင်လည်းမကိုင်၊ ရုံးကိုုဖုန်း ဆက်ရင်လည်း မရှိဘူးလို့ပြောခိုင်းထားသည်။ အခုတော့လူကိုယ်တိုင်လိုက်လာပြီ။
“ငါ မရှိဘူးလို့ပြောပေးပါလားသားကြီးရာ”
“မရဘူး၊ ရှိတယ်ဆိုတာသိတယ်တဲ့” Continue reading “လှိုင်းနှစ်စင်း ကောက်ကြောင်း အပိုင်း (၁၅)”