(၁၄)
လမ်းခွဲမယ့်အကြောင်းကို မပြောရဲပြောရဲနဲ့အရဲစွန့်ပြီးပြောလိုက်တဲ့ခဏမှာပဲ မဟာပြသနာကြီးတစ်ခုကို ရင်ဆိုင်လိုက်ရတော့သည်။ နိုနို့ကို ပြောရင် ဒီလိုအဖြစ်အပျက်တွေဖြစ်မယ်ဆိုတာကြိုတွေးမိပေမယ့် တကယ်တမ်း ရင်ဆိုင်ရတဲ့အခါမှာတော့ စိတ်ရှုပ်ဖို့ကောင်းလှစွာ။
“ကို ဘာပြောလိုက်တာလဲ”
နိုနိုက ကျွန်တော့်ကို စူးဝါးဝါးကြည့်ပြီးပြန်မေးလိုက်သည်။
“ကိုယ်တို့လမ်းခွဲချင်ပြီနိုနို” Continue reading “လှိုင်းနှစ်စင်း ကောက်ကြောင်း အပိုင်း (၁၄)”
လှိုင်းနှစ်စင်း ကောက်ကြောင်း အပိုင်း (၁၃)
(၁၃)
“ငါဘာဆက်လုပ်ရမလဲမသိတော့ဘူးကွာ”
လုပ်ငန်းခွင်ထဲက အပေါင်းအသင်းတစ်ချို့နဲ့တိုင်ပင်ဖြစ်သည်။ နိုနိုနဲ့ကျွန်တော့်အကြောင်းကိုကျွန်တော့် ပတ်ဝန်းကျင်ကအားလုံးသိပြီးသားမို့ အထူးတလည်ရှင်းပြနေစရာမလိုပါ။ ပြီးတော့ နိုနိုကလည်း ကျွန် တော့်ဆီကို ခဏခဏလာနေကျမို့အားလုံးမှတ်မိနေပြီးသား။ အဲဒီလိုမှတ်မိအောင်လည်းတမင်လုပ်ယူ ခဲ့တာဖြစ်သည်။
“မင်းစော်ကိုငါတို့လည်းကြောက်တယ်၊ အကြံမပေးရဲဘူး၊ တော်ကြာငါတို့ကိုပါလာပတ်ရမ်းနေမှစိုး တယ်၊ ကြားသုံးကြားမဝင်ချင်ဘူး” Continue reading “လှိုင်းနှစ်စင်း ကောက်ကြောင်း အပိုင်း (၁၃)”
လှိုင်းနှစ်စင်း ကောက်ကြောင်း အပိုင်း (၁၂)
(၁၂)
၀ါသနာကိုတားမြစ်လာတဲ့အထိဖြစ်လာရင်တော့ ဘယ်သူ့မှသည်းခံလာနိုင်တော့မည်မဟုတ်ပါ။ ကျွန် တော် နည်းပညာသတင်းထောက်တစ်ယောက်ဖြစ်ချင်ခဲ့သည်။ နိုင်ငံရေးသတင်းတွေ၊ ဖျော်ဖြေရေးသ တင်းတွေ၊ ကျန်းမာရေး၊ ပညာရေးသတင်းတွေရေးဖို့ထက် နည်းပညာသတင်းတွေရေးဖို့ကိုစိတ်အား ထက်သန်ခဲ့သည်။ ဒါကြောင့် နည်းပညာဂျာနယ်မှာ အလုပ်ပြောင်းလုပ်ခဲ့သည်။
သတင်းလိုက်ခြင်းထက် နည်းပညာအကြောင်းအရာကိုလိုက်ရေးခြင်းက ကျွန်တော့်အတွက်ပိုအဖိုးတန် သည်။ နာမည်ကြီးမင်းသားမင်းသမီးတွေရဲ့ သတင်း၊ နိုင်ငံရေးသတင်းတွေထက် မိုဘိုင်းဖုန်းတွေ ၁၅၀၀ ကျပ်နဲ့ဝယ်နိုင်ပြီဆိုတဲ့သတင်းက ပိုစိတ်ဝင်စားဖို့ကောင်းသည်။ နာမည်ကြီးနိုင်ငံရေးသမားတစ် ယောက်နဲ့အင်တာဗျုးကိုဂျာနယ်မှာဖော်ပြတာထက် အိုင်တီစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဘယ် လိုဖြစ်လာသလဲဆိုတဲ့အင်တာဗျုးကို ဖော်ပြဖို့ပို စိတ်ဝင်စားသည်။ Continue reading “လှိုင်းနှစ်စင်း ကောက်ကြောင်း အပိုင်း (၁၂)”
လှိုင်းနှစ်စင်း ကောက်ကြောင်း အပိုင်း (၁၁)
ဒုတိယ လှိုင်း
(၁၁)
တကယ်တော့ နိုနိုဟာသိပ်ချစ်စရာကောင်းတဲ့မိန်းကလေးတစ်ယောက်လို့ ကျွန်တော်တွေးထားခဲ့တာ။ ပြီးတော့ အရာရာကိုနားလည်ခွင့်လွှတ်ပေးနိုင်မယ်လို့လည်းထင်ထားတာ။ လက်တွေ့မှာတော့ ကျွန် တော့်အတွက် စိတ်ရှုပ်စရာတွေကို ယူဆောင်ပေးလာမယ်မှန်းသိရင် ဘယ်လိုုလုပ်ချစ်ခဲ့မှာလဲ။ မြတ် နိုးနဲ့လမ်းခွဲပြီးနောက်ပိုင်း မှာ နိုနိုနဲ့စတင်တွေ့ရှိခဲ့တာပါ။ နိုနို့ကိုကျွန်တော် ကုမ္ပဏီတစ်ခုရဲ့ပစ္စည်းမိတ် ဆက်ပွဲမှာ စတင်မြင်ဖူးသည်။ နိုနိုတို့မိသားစုကုမ္ပဏီမို့ ကျွန်တော်တို့နှစ်ယောက်ကုန်ပစ္စည်းတွေနဲ့ပတ် သက်ရင် အဆက်အသွယ်ရှိလာသည်။ Continue reading “လှိုင်းနှစ်စင်း ကောက်ကြောင်း အပိုင်း (၁၁)”
လှိုင်းနှစ်စင်း ကောက်ကြောင်း အပိုင်း (၁၀)
(၁၀)
ဟိုတယ်ကိုရောက်ပြီး ရေမိုးချိုး၊ အဝတ်အစားလဲရင်း ချစ်သူကို စောင့်နေမိသည်။ အလုပ်ကတော့ ပြီးသွားပြီ။ ရန်ကုန် ရောက်မှ သတင်းရေးရမှာမို့ စိတ်ပူစရာမရှိ။ အဲဒီကုန်ပစ္စည်းကို မိတ်ဆက်တဲ့ သတင်းက ချက်ချင်းရေးဖို့ခွင့်မပေးသေး။ တစ်ချိန်တည်း တစ်ပြိုင်တည်းမှာ အားလုံးတူတူရေးရမှာမို့ သတင်းသိုးမှာလည်း မပူရ။ ဒီလ (၁၄) ရက်နေ့မှ စရေးရမှာဆို ပြီး စာချူပ်မှာ လက်မှတ်ထိုးခဲ့ရသည်။ နည်းပညာ ဂျာနယ်သတင်းထောက် တစ်ယောက်အနေနဲ့ အလုပ်မှာဖိအား များများ စားစား မရှိလှတာမို့ ဒေသန္တရ သတင်း၊ ဆောင်းပါးတွေ လည်းယူမနေတော့ပါ။ ချစ်သူနဲ့ပဲ အချိန်ဖြုန်းဖို့ ဆုံးဖြတ်ထားသည်။ Continue reading “လှိုင်းနှစ်စင်း ကောက်ကြောင်း အပိုင်း (၁၀)”