ရှမ်းပြည်မြောက်ပိုင်းက ကျောက်မဲမြို့လို့ဆိုလိုက်တာနဲ့ ဆေးပေါင်းချိုးတဲ့အလေ့အထကိုမြင်မိကြမယ် ထင်ပါတယ်။ အခုချိန်အထိကျော် သွားလာလှည့်ပတ်ဖူးသမျှနေရာတွေ ထဲမှာ ကျောက်မဲမြို့ မှာ ဆေး ပေါင်းချိုးခဲ့တာအမှတ်တရတစ်ခုဖြစ်လို့့နေပါတယ်။
Continue reading “ရှမ်းမြောက်မှာ ဆေးမြစ်ပေါင်းနဲ့ရေချိုးတဲ့မြို့ရှိတယ်”သမိုင်းတွေရှိရာ ဂျာကာတာ
အင်ဒိုနီးရှားနိုင်ငံရဲ့မြို့တော်ဂျာကာတာမှာ စိတ်ဝင်စားစရာနေရာတွေအများကြီးပါ။ ဒါပေမဲ့အဲဒီအထဲက မှ သမိုင်းဝင်နေရာကို ကျော် သွားလည်ဖြစ်ခဲ့ပါတယ်။ အလုပ်ကိစ္စသွားတော့ အင်ဒိုနီးရှားသူ အင်ဒိုနီး ရှားသားတွေနဲ့ အုပ်စုဖွဲ့စကားပြောဖြစ်တော့ သူတို့ကိုတစ်ခုမေးလိုက်ပါတယ်။ ငါအခုမှ ဒီကိုရောက်ဖူး တာ ဘယ်ကိုသွားလည်သင့်လဲ ဆိုတော့ အားလုံးကတစ်သံတည်းဖြေကြပါတယ်။ Old Jakarta တဲ့။ အဲဒါနဲ့ ကျော်လည်း ဂျာကာတာမြို့ဟောင်းကိုရောက်ဖြစ်ခဲ့တယ်။ ဘာတွေ့ရသလဲဆိုတော့ဗျာ။
Continue reading “သမိုင်းတွေရှိရာ ဂျာကာတာ”ဘန်ကောက်ကနေ ပိုက်ဆံ ၃၉ ဘတ်တည်းနဲ့ ရောက်နိုင်တဲ့ ကမ်းခြေ (Hua Hin)
ထိုင်းနိုင်ငံရဲ့ ကမ်းခြေလို့ဆိုလိုက်တာနဲ့ Hua Hin ကမ်းခြေကိုသတိပြုမိတဲ့သူနည်းပါလိမ့်မယ်။ နာမည် ကျော်ဖူးခက်တို့ ပတ္တရားတို့ကိုပဲသွားကြတယ်မဟုတ်လား။ ကျော်တို့ ပြီးခဲ့တဲ့အခေါက် ဘန်ကောက် ရောက်တုန်းက Beach သွားမယ်ဆိုတော့ Hua Hin ကိုရွေးလိုက်ကြပါတယ်။ လူရှင်းတယ်လို့ကြားဖူး တာရယ်၊ မရောက်ဖူးလို့ သွားကြည့်ချင်တာရယ်ကြောင့်ပါ။ သွားလက်စနဲ့ တစ်ခါမှမသွားဖူးတဲ့ပုံစံနဲ့ သွားကြရအောင်လို့တိုင်ပင်ရင်း စျေးအသက်သာဆုံးခရီးစဉ်ကိုရွေးချယ်ခဲ့ကြပါတယ်။
Continue reading “ဘန်ကောက်ကနေ ပိုက်ဆံ ၃၉ ဘတ်တည်းနဲ့ ရောက်နိုင်တဲ့ ကမ်းခြေ (Hua Hin)”မြန်မာပြည်က ရေပူစမ်းများ
ကျော်တို့မြန်မာနိုင်ငံမှာ အံအားသင့်စရာကောင်းတဲ့ ရေပူစမ်းတွေအများကြီးရှိတယ်ဆိုတာယုံလား။ ဘယ်နှစ်ခုရှိသလဲ အတိအကျမသိပေမယ့် ကျော်ရောက်ဖူးတဲ့ရေပူစမ်းလေးတွေအကြောင်းပြောပြချင် တယ်ဗျ။ ပုံလေးတွေနဲ့ တစ်ချက်ရှိုးလို့ရတယ်နော့။
Continue reading “မြန်မာပြည်က ရေပူစမ်းများ”ဟောင်ကောင်မှာ စျေးပေါပေါနဲ့ဝယ်စရာ နေရာ (၁၀) ခု
ဘန်ကောက်မှာစျေးဝယ်ထွက်ရတာရိုးလာရင်တော့ ဟောင်ကောင်ကိုသွားကြည့်စေချင်ပါတယ်။ ဟောင်ကောင်ဟာ အာရှရဲ့ Brand မြို့တော်၊ ဖက်ရှင်မြို့တော်ဖြစ်သလို လည်စရာပတ်စရာလည်း သိပ်များတဲ့နေရာပါ။ ဒါပေမဲ့ တစ်နေရာနဲ့တစ်နေရာလည်း နီးနီးလေးဆိုတော့ စျေးဝယ်လို့ကောင်း၊ လည်လို့ကောင်းတဲ့ နိုင်ငံပေါ့။ ဆိုတော့ကာ ကျော် ဟောင်ကောင်သွားခဲ့တယ်ပေါ့ဗျာ။ ဟောင်ကောင် ဟာ ဖက်ရှင်အိုင်ကွန် (Fashion icon) လို့ဆိုစမှတ်ပြုသလိုပဲ ဝယ်စရာ ဖက်ရှင်ကျကျအဝတ်အစား တွေ သိပ်ကိုပေါပါတယ်။ ပြည်တွင်းဖြစ်ဝယ်မလား၊ နိုင်ငံတကာဘရန်းဒတ်တွေပဲ ဝယ်မလား အားလုံး ကို စုံစုံလင်လင်တွေ့နိုင်မှာပါ။ ဟောင်ကောင်တံဆိပ်တွေဖြစ်တဲ့ Bossini, Giordano, G2000, Baleno, Bess တို့ကို မဖြစ်မနေဝယ်သင့်တယ်လို့တောင်ညွှန်းဆိုကြတာပါ။ ဒီ (၁၀) နေရာကတော့ အွန်လိုင်းမှာတွေ့တာရယ် ကျော်တို့သွားခဲ့လို့ တကယ်ပဲ ဝယ်လို့ကောင်းတာရယ်ကြောင့်စုစည်းဖော်ပြ လိုက်တာဖြစ်ပါတယ်။
စာရေးသူတစ်ယောက်အနေနဲ့သွားတဲ့ခရီးအတွေ့အကြုံကိုပြန် လည်ဝေမျှတဲ့သဘောပါ။