နေပြည်တော်နားက လှေခွင်းတောင်သို့

ဒီတစ်ခေါက် နေပြည်တော်ကိုအလုပ်ကိစ္စနဲ့ရောက်တော့ လှေခွင်းတောင်ကိုသွားလည်ဖြစ်ခဲ့ပါတယ်။ ပျဉ်းမနားကနေ မိနစ် (၂၀)၊ နာရီဝက်လောက်သွားရင် လှေခွင်းတောင်ကိုရောက်ပါတယ်။ အေးအေး လူလူ ဘုရားလည်းဖူး ရေလည်းကူး အပန်းလည်းဖြေမယ်ဆိုရင်တော့ သွားသင့်တဲ့နေရာလေးပါ။

Continue reading “နေပြည်တော်နားက လှေခွင်းတောင်သို့”

ကမ်းခြေ ဂေါ်ရင်ဂျီ

အခုချိန်မှာ ကမ်းခြေခရီးတစ်ခုခုသွားသင့်တယ်လို့မထင်ဘူးလား။ ကျော်ကတော့ Beach Mood လိုချင်ပေမယ့် လတ်တလောမဖြစ်နိုင်သေးတာကြောင့် အရင်သွားခဲ့တဲ့ ဂေါ်ရင်ဂျီကိုတမ်းတမှန်းဆ ပါ ရစေ။ ကမ်းခြေသွားမယ်ဆိုရင် ဂေါ်ရင်ဂျီကိုတစ်ခါလောက်ရွေးလိုက်ပါ။ မှင်သက်သွားစေရမယ် အာ မခံတယ်ဗျို့။

Continue reading “ကမ်းခြေ ဂေါ်ရင်ဂျီ”

ရန်ကုန်နဲ့ အနီးဆုံးအပန်းဖြေမယ့်နေရာ

ဟိုင်းဝေးလမ်းမပေါ်ကိုမသွားချင်တဲ့သူတွေအတွက် ရန်ကုန်နဲ့အနီးဆုံးအပန်းဖြေမယ့်တစ်နေရာ ကို ကျော် တို့သွားဖြစ်ခဲ့တယ်။ အဝေးကြီးမဟုတ်ပါဘူး။ သန်လျင်တံတားအဆင်းက Excel River View ဆိုတဲ့ ဟိုတယ်ဖြစ်ပါတယ်။ ရေကူးတာအရမ်းကြိုက် ဟိုဟိုဒီဒီလည်းလျှောက်သွားချင်တဲ့ ကျော်တို့ တွေအတွက်ကတော့ အံကိုက်ပါပဲ။ ဒါပေမဲ့ ပြောစရာလေးတွေရှိပါတယ်။

Continue reading “ရန်ကုန်နဲ့ အနီးဆုံးအပန်းဖြေမယ့်နေရာ”

ရန်ကုန်မြို့မှာ တက်သင့်တဲ့ ပညာဒါန အင်္ဂလိပ်စာ သင်တန်း (၇) ကျောင်း

အင်္ဂလိပ်စာတက်ချင်တဲ့သူအတွက် သင်တန်းကျောင်းတွေ ရန်ကုန်မှာအများကြီးပါ။ ဒါပေမဲ့ အဲဒီအထဲ က လူတက်အများဆုံး အထိရောက်ဆုံးကျောင်းတွေကတော့ ကျော်ရှာဖွေထားတဲ့ကျောင်းတွေလို့ရဲရဲ ကြီးဆိုချင်ပါတယ်။ အခြားသင်တန်းကျောင်းတွေလည်းရှိပါတယ်။ ဒါပေမဲ့ (၇) ကျောင်းကိုပဲရွေးချယ် ဖော်ပြချင်တယ်နော်။ ရွေးချယ်ထားတဲ့ အချို့ကျောင်းတွေကတော့ ပညာဒါနမဟုတ်ပါဘူး။ ဒါပေမဲ့ ပညာဒါနနီးပါးကိုသင်တန်းကြေးချိုသာတာမို့ပါ။ အင်္ဂလိပ်စာခြေလှမ်းအတွက် အဲဒီခုနစ်ကျောင်းထဲက နှစ်ခုလောက်တက်ဖြစ်ပြီး တစိုက်မတ်မတ်လုပ်မယ်ဆိုရင် ပရိုဖြစ်နိုင်တယ်ဆိုတာပြောပါရေစေ။

Continue reading “ရန်ကုန်မြို့မှာ တက်သင့်တဲ့ ပညာဒါန အင်္ဂလိပ်စာ သင်တန်း (၇) ကျောင်း”

သူငယ်ချင်းအုပ်စုလိုက် ခွီလို့ကောင်းမယ့် …. ဒရယ်ကျွန်းကမ်းခြေ

မြန်မာနိုင်ငံမှာ ကျော်တို့မသိတဲ့ကမ်းခြေတွေ အများကြီးရှိပါသေးလားဆိုတာ ခရီးတွေသွားရင်း တစ်ဖြည်းဖြည်း သိလာခဲ့ပြီးတဲ့နောက် ဒရယ်ကျွန်းကမ်းခြေဆိုတာကိုလည်း မထင်မှတ်ဘဲရောက် ဖြစ်ခဲ့ပါတယ်။ နာမည်ချစ်စရာကောင်းသလောက် ကမ်းခြေလည်းသိပ်ချစ်စရာကောင်းပါတယ်။ အဓိက တော့ လူရှင်းတယ်၊ သဘာဝအငွေ့အသက်တွေမပျောက်သေးလို့ ပကတိခံစားမှုကိုရတယ်၊ ငါးဒိုင် ပုစွန် ဒိုင်တွေနဲ့နီးတော့ ပင်လယ်စာကိုကောင်းကောင်းစားရတယ် အဲဒီလို အားသာချက်တွေ ဒရယ်ကျွန်း ကမ်း ခြေမှာရှိပါတယ်။

Continue reading “သူငယ်ချင်းအုပ်စုလိုက် ခွီလို့ကောင်းမယ့် …. ဒရယ်ကျွန်းကမ်းခြေ”