အန်ကောဒေသ၌ ရတနာသိုက်ရှာဖွေခြင်း

ဒီတစ်ပတ်အားလပ်ရက်အတွင်း ရတနာသိုက်တွေရှာပုံတော်ဖွင့်ဖြစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ EPSON ရဲ့ဖိတ်ခေါ်ထောက်ပံ့မှုနဲ့ အန်းကောဒေသ (ကမ္ဘောဒီးယား) ဆီရမ်ရိမြို့မှာသွားရောက်ရှာ ဖွေခဲ့တာဖြစ်ပါတယ်။ နှစ်ပေါင်း ၁၀၀၀ နီးပါးသက်တမ်းရှိပြီး ခမာအင်ပါရာကြီးထွားစဉ်ကာလရဲ့ အထင်ကရ ရတနာသိုက်တွေအကြောင်းကတော့ ပြောမဆုံးပေါင်တောသုံးထောင်ပါပဲ။ ကျော်တို့ ဘယ်လိုရှာဖွေခဲ့သလဲဆိုတော့ကာ..။

Continue reading “အန်ကောဒေသ၌ ရတနာသိုက်ရှာဖွေခြင်း”

ရင်ခုန်စရာတွေနဲ့ ဘုံတလာရေတံခွန်

ချင်းပြည်နယ်ရဲ့အထင်ကရထဲမှာ ဘုံတလာရေတံခွန်ပါဝင်ပါတယ်။ ဘာလို့အထင်ကရဖြစ်တာလဲဆို တာတော့ မြင်တဲ့သူတိုင်အံအားသင့်စေလောက်အောင်လှလွန်းလို့ဖြစ်ပါတယ်။ ဘုံခုနစ်ဆင့်အမြင့်ဆို တဲ့စာသားက ဘုံတလာရေတံခွန်ရောက်မှ ကွက်ကွက်ကွင်းကွင်းသိနိုင်မယ်ဗျ။ ဘာလို့လဲဆိုရင်တော့ ဘုံတလာရေတံခွန်က ၇ ဆင့်ရှိနေလို့ပါ။ ကျော့်ကင်မရာနဲ့တော့ ၇ ဆင့်လုံးရိုက်လို့မပေါ်ဘူး။ ဒရုန်းနဲ့မှ ရမယ်ထင်တယ်။ မြင်ရတဲ့အဆင့်တိုင်းအဆင့်တိုင်းက လှတယ်ဆိုတာထက်ပိုပါတယ်။

Continue reading “ရင်ခုန်စရာတွေနဲ့ ဘုံတလာရေတံခွန်”

မြန်မာနိုင်ငံက နှစ်ခုသော ရေပြာအိုင်

ရေပြာကိုမြင်ဖို့ ပင်လယ်နက်ကြီးဆီကိုသွားစရာမလိုပါ၊ မော်လဒိုက်ကမ်းခြေအထိခရီးဆန့်စရာ မလိုပါ။ ဖူးခက်ကမ်းခြေအလယ်အထိ ရေကစားစရာမလိုပါ။ ကျွန်တော်တို့မြန်မာနိုင်ငံမှာ ရေပြာအိုင်တွေ ရေပြာ ကန်တွေရှိပါတယ်။ အဲဒီအထဲကမှ လူသွားအများဆုံးကတော့ ဒီးဒုတ်ရေပြာအိုင်နဲ့ ရှမ်းပြည် နယ်တောင် ပိုင်း ရွာငံကရေပြာအိုင်တို့ပဲဖြစ်ပါတယ်။

Continue reading “မြန်မာနိုင်ငံက နှစ်ခုသော ရေပြာအိုင်”

အစားအသောက်ကောင်းတွေနဲ့ စပိန်မြို့တော်ဘာစီလိုနာ

ဥရောပမှာ မြန်မာအစားအစာနဲ့နီးစပ်တဲ့နေရာတစ်ခုကိုညွှန်းပါဆိုရင် စပိန်နိုင်ငံကိုညွှန်းဆိုပါရစေ။ စပိန် နိုင်ငံမှာ အခြားဥရောပနိုင်ငံနဲ့မတူတဲ့ အစားအသောက်ပုံစံရှိတယ်။ ဒါ့အပြင် ကမ္ဘာကျော်ဝက်ပေါင် ခြောက်တွေအရမ်းပေါတဲ့နိုင်ငံလည်းဖြစ်ပါတယ်။ အခုလိုဆောင်းရာသီမှာပဲ မြို့တော်ဘာစီလိုနာကို ကျော်ရောက်ခဲ့ပါတယ်။

Continue reading “အစားအသောက်ကောင်းတွေနဲ့ စပိန်မြို့တော်ဘာစီလိုနာ”