Private Beach အဖြစ် သွားနိုင်တဲ့ ရွှေသောင်ယံ ကမ်းခြေ

ကိုယ့်သူငယ်ချင်း၊ မိသားစုသီးသန့် ပဲ တစ်ကမ္ဘာတည်ဆောက်လို့ရတဲ့ ကမ်းခြေဆိုရင် အခုချိန်မှာတော့ ရွှေသောင်ယံက အကောင်းဆုံးပါပဲ။ နောက် ၂ နှစ်၊ ၃ နှစ်ဆိုရင်တော့ အဲဒီမှာလည်းလူ များလောက်ပါပြီ။

လူအရမ်းမရှုပ်တဲ့နေရာကိုသွားချင်တယ်၊ ပင်လယ်ရေသန့်သန့်လေးမှာကစားချင်တယ်၊ သဘာ၀အရင်း အမြစ်ပကတိအလှကိုရှုစားချင်တယ်၊ သူငယ်ချင်းတွေ၊ အပေါင်းအသင်းတွေနဲ့ အေးအေးလူလူ Chill မယ်ဆိုရင်တော့ အခုချိန်မှာ ရွှေသောင်ယံကို အမှတ်ရခဲ့ပါတယ်။ ခရီးအားဖြင့်လည်းမဝေးဘူး၊ ဟိုတယ် တွေလည်းရှိပြီ ဆိုတော့ Beach Mood ကို ရွှေသောင်ယံမှာ On နိုင်ခဲ့ပါပြီ။

ဘယ်လိုသွားသလဲ?
>>>>>>>>>>>>

ချောင်းသာကမ်းခြေကနေ ရွှေသောင်ယံမြို့ကို ၈ မိုင်ပဲဝေးပါတယ်။ ချောင်းသာကတော့ လူတွေခြေ ချင်းလိမ်နေတဲ့အပြင် စျေးသည်တွေ အထွေထွေ၀န်ဆောင်မှုဆိုလားဘာလားအဲဒါတွေလည်းများတော့ သီးသီးသန့်သန့်နေချင်တဲ့ သူတွေအတွက်တော့အဆင်မပြေပါဘူး။ ဆိုတော့ ချောင်းသာနဲ့မနီးမဝေး လေးက ရွှေသောင်ယံမှာသွားဥလို့ရပါတယ်။ ရန်ကုန်ကနေချောင်း သာကားစီးသွားပြီး ချောင်းသာကိုရောက်တော့ ဟိုတယ်ကလာကြိုပေးပါတယ်။ ချောင်းသာ-ရွှေသောင် ယံကတော့ ဟိုတယ်ကြိုကားနဲ့သွားရတာပေါ့လေ။ အဲဒီအတွက် ပိုက်ဆံအပိုမပေးရပါဘူး။ ဟိုတယ် ၀န်ဆောင်မှုထဲမှာပါပါတယ်။ ကားနဲ့သွားရင် ချောင်းသာကနေနာရီ၀က်လောက်တော့ဆက်သွားရပါ တယ်။ ဆိုင်ကယ်နဲ့သွားရင်တော့ ၄၅ မိနစ်လောက်သွားရပါတယ်။ အခုချိန်က လမ်းသိပ်မကောင်းလို့ ရယ်။ မိုးကြောင့်ဖြစ်နေတဲ့ ဗွက်တွေမထရင်တော့ မိနစ် ၂၀ နာရီ၀က်လောက်နဲ့ရောက်နိုင်ပါတယ်။ တစ် ချို့ကတော့ ချောင်းသာကမ်းခြေမှာတစ်ရက်တည်းပြီး ရွှေသောင်ယံကို ဆိုင်ကယ်နဲ့သွားကြည့်ကြပါ တယ်။

တည်းခိုရတာအဆင်ပြေလား၊ အစားအသောက်ကောဘယ်လိုလဲ?
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရွှေသောင်ယံကမ်းခြေတစ်လျှောက်ကအကောင်အထည်ဖော်လက်စ ကမ်းခြေသစ်ပရောဂျက်ကြီးတစ် ခုဖြစ်တာကြောင့် လက်ရှိမှာတော့ ဟိုတယ်ရွှေသောင်ယံနဲ့ လိုင်းလိုင်းဟိုတယ် ပဲရှိပါသေးတယ်။ အဲဒီ ဟိုတယ် ၂ ခုထဲက တစ်ခုမှာတည်းတာပဲအဆင်ပြေလှပါပြီ။ စက်တင်ဘာမှ စဖွင့်တဲ့ လိုင်းလိုင်းဟိုတယ်ကတော့ မနက်စာ အပြင်နေ့လည်စာပါကျွေးပါတယ်။ ၀န်ဆောင်မှုတွေလည်း အသီး သီးကောင်းကြပါတယ်။ အစားအသောက်က ချောင်းသာလိုမပေါပေမယ့် ဆိုင်တွေတော့အများကြီး ရယ်။ ချောင်းသာမှာလို ချက်ပေးတဲ့အသည်တွေတော့မရှိပေမယ့် ပင်လယ်စာဆိုင်လေးတွေရှိတာမို့ အဲဒီဆိုင်တွေကို ချက်ခိုင်းလို့ရနိုင်ပါတယ်။ ရေကူးရင်း သောက်စားချင်တဲ့သူတွေအတွက်လည်း ဟိုတယ်တွေမှာ ရေကူးကန်တွေရှိပါတယ်။ အခန်းစျေးနှုန်းတွေတော့ Sea View ကို ၁၃၀၀၀၀ ၀န်းကျင် ရှိတာမို့ ချောင်းသာဟိုတယ်တွေရဲ့စျေးနှုန်းနဲ့ သိပ်မကွာလှဘူးရယ်။

ရွှေသောင်ယံကမ်းခြေက ဘာတွေထူးခြားသလဲ?
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ထူးခြားချက်ကတော့ ရေအရမ်းသန့်တယ်၊ သဘာ၀ဆန်တယ်၊ လူရှင်းတယ်၊ အေးအေးလူလူဖြစ်ပါ တယ်။ ပြီးတော့ အဲဒီနားတစ်ဝိုက်ကရွာလေးတွေကို လျှောက်ကြည့်လို့ရပါတယ်။ ရွှေသောင်ယံအစ မှာ မြစ်တစ်စင်းကိုဖြတ်ထားတဲ့တံတားလေးတစ်စင်းရှိပြီး အဲဒီတံတားနားကရွာလေးမှာတော့ သိပ်မကြာ သေးခင်က မင်းသားမြင့်မြတ်နဲ့ ငဒူဆိုတဲ့ရုပ်ရှင်ဇာတ်ကားလာရိုက်ဖူးတယ်တဲ့။ ဆောက် လက်စ ပရောဂျက်တွေထဲမှာ ကောင်းကင်ကြိုးတံတားတွေ၊ ဒီရေတောလမ်းတွေလည်းပါပါတယ်။

ချောင်းသာရောက်ရင်သွားလေ့သွားထရှိကြတဲ့ ကျောက်မောင်နှမကို ဖြတ်သွားရတာမို့ အဲဒီကိုလည်း ၀င်၊ အဲဒီအနားက ဆင်စခန်းကိုလည်းကြည့်နိုင်ပါတယ်။ အခုချိန်ကတော့ ဆင်တွေမရှိသေးလို့ အုန်း သီးတစ်လုံးတစ်ထောင်ပေးပြီး အုန်းရည်သောက်ပြန်ခဲ့ပါတော့တယ်။

မေတ္တာရိပ်မှာအေးချမ်းပါစေ။