မြစိမ်းရောင်လွင်ပြင် အပိုင်း (၃၀) ဇာတ်သိမ်းပိုင်း

(၃၀)

“အေး နင်ဘာသိချင်သေးလဲ နှင်းငွေရည်”

နေ့ဘက်ဆိုပေမယ့် ရာသီဥတုကမှောင်ရီပျိုးစအချိန်လို အုံမှိုင်းမှိုင်းဖြစ်နေလေသည်။ ရှမ်းတောင်တန်းတွေက အမြဲအဲဒီ လိုပဲလွမ်းမောဖွယ်ဖြစ်နေတာလား၊ နှင်းကိုယ်တိုင်ပဲလွမ်းနေတာလားမပြောတတ်။ ဟောဒီရှမ်းတောင်တန်းကြီးတွေဆီကို ခဏဆိုပြီးလာခဲ့တာ၊ အခုတော့ ဒီမှာနှင်းဘဝအဆုံးသတ်ရတော့မှာလား။ တကယ်ပဲ နှင်းလောကကြီးကနေ ထွက်သွား ရတော့မှာလား။ Continue reading “မြစိမ်းရောင်လွင်ပြင် အပိုင်း (၃၀) ဇာတ်သိမ်းပိုင်း”

မြစိမ်းရောင်လွင်ပြင် အပိုင်း (၂၉)

(၂၉)

ကိုဖြိုးဆီမှာ အငယ်အနှောင်းရှိမှန်းရုတ်တရက်သိလိုက်ရတော့ နန်းမြတ်ပါးစပ်အဟောင်းသားဖြစ်တဲ့အထိ အံသြရသည်။ ရည်ရည်မွန်မွန်နဲ့ မိန်းမဖြစ်သူကို သစ္စာရှိရှိပေါင်းသင်းမယ့်ရုပ်လေး၊ ဒီကောင်လေးက ဘယ်လိုဖြစ်လို့။

“တစ်လလောက်ရှိပြီဟ၊ သူအိမ်လည်းမပြန်ဘူးလေ၊ ရန်ကုန်ကဧည့်သည်ကောင်မလေးရောက်ကတည်းက သူ့မိန်းမကို စိတ်ချလက်ပစ်ထားပြီး အငယ်နဲ့သာယာနေတာလေ”

ဈေးထဲမှာက လူစုံတော့ အတင်းအဖျင်းအကြောင်းအရာအားလုံးလည်းစုံလေသည်။ Continue reading “မြစိမ်းရောင်လွင်ပြင် အပိုင်း (၂၉)”

မြစိမ်းရောင်လွင်ပြင် အပိုင်း (၂၈)

(၂၈)

“ဦးလေးကောင်း ကျွန်မလုပ်ထားတဲ့ဆန်အရက်မြည်းကြည့်ပါဦး၊ နောက်ကျရင်ညနေပိုင်းဆန်အရက်ဆိုင်လေးဖွင့်ရင် ကောင်းမလားလို့”

အရက်သမားကို အရက်နဲ့မျှားရတာမို့မခက်ခဲပါ။ လူရှင်းသူရှင်းတဲ့အချိန်တစ်ခုကိုသာစောင့်ဆိုင်းရလေသည်။ နန်းမြတ်ဆိုင် သိမ်းရင်သုံးတဲ့ သုံးဘီးဆိုင်ကယ်လေးရှိသည်။ ဆိုင်ကယ်ပေါ်မှာအိုးခွက်ပန်းကန် တွေတင်လို့ရအောင်ဆိုပြီး သုံးဘီးလုပ်၊ အမိုးလေးဘာလေးနဲ့မိုးကာ အလှဆင်ထားတာပင်။ အဲဒီသုံးဘီးလေးနဲ့ ညမှောင်ရီတရောအချိန်မှာ ဦးလေးကောင်း သွားတတ်လာတတ်တဲ့နေရာကိုလိုက်ရှာ၊ လူရှင်းသူရှင်းတဲ့ အချိန်ကိုရွေးပြီးလှုပ်ရှားရလေသည်။ Continue reading “မြစိမ်းရောင်လွင်ပြင် အပိုင်း (၂၈)”

မြစိမ်းရောင်လွင်ပြင် အပိုင်း (၂၇)

(၂၇)

တကယ်တော့ ဝဏ္ဏနဲ့နန်းမြတ် တွေ့ပြီးခဲ့ပြီ။ နန်းမြတ်သူ့ကိုသတ်ပြီးခဲ့ပြီး လိမ္မော်ခြံထဲမြှုပ်ထားခဲ့ပြီးပြီ။ ဒါကို ဘယ်သူ သိနိုင်မှာလဲ။

ဝဏ္ဏကို နန်းမြတ်မျက်လုံးထဲမှာ စပါးမွှေးစူးနေခဲ့တာ ကြာခဲ့လေပြီ။ နန်းမြတ်တို့သူငယ်ချင်း၊ ဈေးထဲက အပေါင်းအသင်း တွေစုပြီး တစ်ခါတစ်လေစိန်အောင်ဝင်းရုပ်ရှင်ရုံမှာ ရုပ်ရှင်သွားကြည့်တိုင်းလိုလိုမှာ အဲဒီကောင်လေးကို ကောင်မလေး တစ်ယောက်နဲ့တွေ့တွေ့တတ်သည်။ အရွယ်ကကောင်းကောင်းမ ရောက်သေး။ ရည်စားတွေထည်လဲတွဲနေတာ နန်းမြတ် ဘယ်လိုမှကြည့်မရ။ နန်းမြတ်ရဲ့ဆိုင်မှာခေါက် ဆွဲလာလာစားတိုင်းလည်း ကောင်မလေးတစ်ယောက်ပြီးတစ်ယောက် မရိုး နိုင်အောင်ပါလာတတ်သေးသည်။ Continue reading “မြစိမ်းရောင်လွင်ပြင် အပိုင်း (၂၇)”

မြစိမ်းရောင်လွင်ပြင် အပိုင်း (၂၆)

(၂၆)

“အမေဆုံးတဲ့နေ့က အဖေရောက်လာခဲ့သေးတယ်”

နန်းမြတ်ရဲ့စကားတွေကို စိတ်ဝင်တစားနားထောင်နေတဲ့ ရန်ကုန်သူမိန်းကလေး။ မောင်လေးနဲ့ရွယ်တူ လောက်ရှိမှာပေါ့။ ဒီလိုမိန်းကလေးမျိုးကို နန်းမြတ်မသတ်ချင်ပါ။ မောင်လေးအရမ်းချစ်ရတဲ့ချစ်သူမှန်း သိထားတော့ ပိုလို့တောင်မသတ်ချင် သေးတယ်။ ဒါပေမဲ့ ကိုယ့်လုံခြုံမှုအတွက် ဒီမိန်းကလေးကိုနန်း မြတ်သတ်ဖြစ်အောင်သတ်ရပါလိမ့်မည်။ Continue reading “မြစိမ်းရောင်လွင်ပြင် အပိုင်း (၂၆)”