ချစ်သူပြောတဲ့…..ကြယ်ကြွေပုံပြင် အပိုင်း (၂)

(၂)

စကားပြောသံအမျိုးမျိုးကို ကျွန်တော်ကြားနေရပေမယ့်သိပ်မသဲကွဲလှပါ။ တစ်ကိုယ်လုံးလေပေါ်မှာပဲဝဲ ပျံနေသလိုလို၊ အိပ်မှုန်စုံဖွားနဲ့ကယောင်ကတမ်းလျှောက်သွားနေမိသလိုလိုနဲ့ အရာရာတိုင်းဟာဝိုးတဝါး ဖြစ်လို့နေလေသည်။

“ဟေ့လူ၊ ဟေ့လူ ခင်ဗျားကြားရဲ့လားဟင်၊ အသက်ရှိသေးလားဟင်” Continue reading “ချစ်သူပြောတဲ့…..ကြယ်ကြွေပုံပြင် အပိုင်း (၂)”

ချစ်သူပြောတဲ့…..ကြယ်ကြွေပုံပြင် အပိုင်း (၁)

(၁)

အလုပ်ခန့်အပ်ခြင်းခံရတဲ့လူစာရင်းကို တိုးဝှေ့ကြည့်အပြီးမှာတော့ ကျွန်တော့်စိတ်တွေက ဟိုးအောက် ဆုံးကို ရောက်ရှိသွားလေသည်။ သွားပြန်ပြီ။ ဒီတစ်ခါလည်းအလုပ်မရပြန်ဘူး။ အရမ်းကြီးကိုမျှော်လင့် ထားခဲ့တာ။ နောက်ဆုံးလက်နက်အဖြစ်ဒီအလုပ်ကိုအားကိုးထားတာ။ အခုတော့ဝေးပြီပေါ့။ Continue reading “ချစ်သူပြောတဲ့…..ကြယ်ကြွေပုံပြင် အပိုင်း (၁)”

“မြူခိုးရယ်…..ဝေ” အပိုင်း (၂၉) ဇာတ်သိမ်း

(၂၉)

တကယ်တော့ အံအားသင့်စရာကိစ္စသည် ငြိမ်းမှာကိုယ်ဝန်ရှိခဲ့တာတင်မဟုတ်တော့။ အဲဒီထက်ထူးခြား လို့နေခဲ့ပြီ။ လူဝင်မှုကြီးကြပ်ရေးကောင်တာကနေထွက်လာတော့ ကြည်သာကအသင့်စောင့်နေလေ သည်။ ဝမ်းသာအားရပွေ့ဖက်နှုတ်ဆက်ပြီး ဂျက်စီကာနှင့်မိတ်ဆက်ပေးလိုက်၏။ Continue reading ““မြူခိုးရယ်…..ဝေ” အပိုင်း (၂၉) ဇာတ်သိမ်း”

“မြူခိုးရယ်…..ဝေ” အပိုင်း (၂၈)

(၂၈)

ဂျာကာတာမှ ရန်ကုန်အပြန်ခရီးတွင် စိတ်ခံစားချက်အသစ်များ၊ အဆင်ပြေပါ့မလားဆိုသည့် စိုးရိမ် စိတ်များနှင့်ထုံမွှန်းလို့နေလေသည်။ စိတ်လှုပ်ရှားခြင်းကြီးစွာဖြင့် ဂျက်စီကာ၏ လက်ကိုတင်းတင်း ကြီးဆုပ် ကိုင်ထားမိသည်။ ကျွန်တော် ထိုမျှလောက် သွေးပျက်နေလိမ့်မည်ဟု ချစ်သူကလည်းထင်ထား ပုံမရပါ။ တစ်ခါမျှမရောက်ဖူးသည့် သူစိမ်းနိုင်ငံကို ကြောက်ရွံ့နေသည့်ချစ်သူနှင့်အတူလိုက်ရသည့်ခံစား ချက်ကိုတွေးကာ သနားမိပြန်သည်။ သို့သော်လည်း ကိုယ့်ဝမ်းနာကိုယ်သာသိနေသည် မဟုတ်ပါလား။ Continue reading ““မြူခိုးရယ်…..ဝေ” အပိုင်း (၂၈)”

“မြူခိုးရယ်…..ဝေ” အပိုင်း (၂၇)

(၂၇)

“ဇော်ထင် မင်းပြန်လာခဲ့ပါ၊ ငြိမ်းနဲ့ပတ်သက်ပြီးတော့လည်းနေသားကျ နေပြီလို့ယူဆပါတယ်၊ သူများ နိုင်ငံမှာအကြာကြီးနေလို့မကောင်းဘူး ပြန်လာခဲ့ပါ၊ အင်ဒိုနီးရှားက မင်းကောင်မလေးကိုလည်း ခေါ်လာခဲ့ပေါ့” Continue reading ““မြူခိုးရယ်…..ဝေ” အပိုင်း (၂၇)”