“မြူခိုးရယ်…..ဝေ” အပိုင်း (၁၆)

(၁၆)

ဟိန်းဇော်ထင်ဟု အမည်တွင်ခဲ့သော ကျွန်တော်သည် ငြိမ်းနှင့်သူငယ်ချင်းအဖြစ်ရှိနေခဲ့ပါသည်။ ခါတိုင်း လိုပဲ ငြိမ်းတို့၏ ဆောင်တော်ကူးဆိုင်ကို အွန်လိုင်းတွင်အရောင်းတက်စေရေးအတွက် ကိုယ်စွမ်းဉာဏ် စွမ်းရှိသမျှကူညီ ပေးခဲ့သည်။ ငြိမ်း ဆိုင်မှာရှိနေသည့်အချိန်ဆိုပါလျှင် ကျွန်တော်ပျော်မိသလို ဝမ်းလည်း နည်းရသည်။ ငြိမ်းနှင့် သူငယ်ချင်းဖြစ်ခွင့်က သာယာသလို စိတ်လည်းကျဉ်းကြပ်ရသည်။

“ပေါက်မယ်လို့ထင်ထားတဲ့ တစ်ချို့ပို့စ်တွေကမပေါက်ဘူး မထင်မှတ်တာတွေက ထ ပေါက်တယ်” Continue reading ““မြူခိုးရယ်…..ဝေ” အပိုင်း (၁၆)”

“မြူခိုးရယ်…..ဝေ” အပိုင်း (၁၅)

(၁၅)

ငြိမ်း ကျွန်တော့်ဆီကိုရောက်လာခဲ့ပါသည်။ အဲဒီမနက်က ကြည်သာလည်းရှိနေလေသည်။

“ငြိမ်းရယ်”

ကြည်သာကတော့ ဇင်လင်းမောင်တို့အကြောင်း ငြိမ်းကိုပြောပြနေ၏။ ကျွန်တော့်ကိုလာပြီးလုပ်ကြံသွား သည့်အကြောင်းပေါ့။ ကျွန်တော့်အကြောင်းကိုလည်း ငြိမ်းသိအောင်ပြောပြနေလေသည်။ ဒါတွေကို ငြိမ်း သိပ်စိတ်ဝင်စားလိမ့်မှာမဟုတ်ပါဘူး။ Continue reading ““မြူခိုးရယ်…..ဝေ” အပိုင်း (၁၅)”

“မြူခိုးရယ်…..ဝေ” အပိုင်း (၁၄)

(၁၄)

“ငြိမ်းနဲ့ ဇင်လင်းမောင်ဟာ မကြာခင်လက်ထပ်တော့မယ့်သူတွေပါ”

“ဟင်”

ကျွန်တော့် ကမ္ဘာပြိုသွားခဲ့သည်။

ပြင်းရှရှစကားတစ်ခွန်းခွန်းကြားရမည်ဟုတော့ မျှော်လင့်ထားခဲ့၏။ ဒါပေမဲ့ အဲဒီလောက်ထိပြင်းအား ကောင်းလိမ့်မည်ဟု မထင်ထားခဲ့။ ရင်ခုန်နှုန်းများ တစ်ဒိန်းဒိန်းတုန်ခါသွားသည်။ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ ကျွန်တော့်မှာ အလုပ်ကလွဲရင်ခင်တွယ်စရာသူငယ်ချင်းများများစားစားရှိသည်မဟုတ်။ မိဘဆိုတာကလည်းမရှိတော့သည်မို့ သံယောဇဉ်တစ်ခုခုရလာလျှင် သူများထက်ပိုပြီးခင်တွယ်တတ်ခဲ့ သည်။ ကျွန်တော်ချစ်ရသော ငြိမ်းကို ဘယ်လောက်ထိလေးလေးနက်နက်ချစ်ရတယ်ဆိုတာ ပြောစရာ တောင်မလိုတော့။ Continue reading ““မြူခိုးရယ်…..ဝေ” အပိုင်း (၁၄)”

“မြူခိုးရယ်…..ဝေ” အပိုင်း (၁၃)

(၁၃)

ငြိမ်းတို့အိမ်က ငြိမ်းကိုအံအားသင့်အောင်လုပ်စေဖို့အတွက်ခွင့်ပြုပြီး တံခါးဖွင့်ပေးခဲ့ပါသည်။ ရန်ကုန်မှာ ခပ်ရှားရှားပန်းတစ်မျိုးလို့ဆိုရမည့် ဆောင်တော်ကူးပန်းကို ကားတစ်စီးနှင့်အပြည့်သယ်လာဖို့ဆိုတာမ လွယ်မှန်းလည်းငြိမ်းတို့အိမ်ကကောင်းကောင်းသဘောပေါက်ပါလိမ့်မည်။

“Surprise လုပ်ချင်လို့သူငယ်ချင်းတွေပေါင်းပြီး နေရာအနှံ့လိုက်ရှာတာ” Continue reading ““မြူခိုးရယ်…..ဝေ” အပိုင်း (၁၃)”

“မြူခိုးရယ်…ဝေ” အပိုင်း (၁၂)

(၁၂)

ဆောင်တော်ကူးဆိုင်၏ခြောက်လပြည့်အထိမ်းအမှတ်လည်းဖြစ်၊ သူတို့ရည်မှန်းထားသောအမြတ်အစွန်း ထက်ကျော်လွန်သည့် အထိမ်းအမှတ်လည်းဖြစ် မို့ ခရီးတိုလေးတစ်ခုကို သူတို့အဖွဲ့နှင့် အတူတူထွက် ခွင့်ရခဲ့ လေသည်။ အဲဒီခရီးစဉ်သည် ငြိမ်းနှင့်ကျွန်တော်၏ တရားဝင်ချစ်သူအဖြစ်သွားခွင့်ရသော ခရီးလည်းဖြစ်လေ တော့ ဝမ်းသာလို့မဆုံးနိုင်အောင်ပင်။ ငြိမ်းကတော့ အရမ်းကြီးရွှင်လန်းတက်ကြွမနေ ပြပေမယ့် ကျွန်တော်ကတော့ ကျေနပ်လှ၏။ Continue reading ““မြူခိုးရယ်…ဝေ” အပိုင်း (၁၂)”