(၁၁)
ထိုအဖြစ်အပျက်နောက်တော့ ငြိမ်းနှင့်ကျွန်တော်ကြားတွင် တံတိုင်းတစ်ခုခြားသွားသလိုခံစားလာ ရသည်။ သူအဆင် ပြေလျှင်ကျေနပ်ရမှာပေါ့ဆိုသည့် စိတ်နှင့် သူ့ကိုသွားတွေ့သည်။ မတွေ့ရလျှင် ကျွန်တော်မှမနေနိုင်တာ။ အဲဒီ တော့ ငြိမ်း၏အလုပ်နှင့်ဆက်နွယ်သည့် အကြောင်းပြချက်တစ်ခုခုကို အမှီသဟဲပြုပြီးသွားကိုသွားတွေ့သည်။
ကံကောင်းချင်တော့ ကျွန်တော်တင်ပေးသမျှထုတ်ကုန်များက Facebook မှာပေါက်သည်။ လူကြည့် အများဆုံးထုတ်ကုန်များဖြစ်လာသည်။ ဒီတော့ ငြိမ်းတို့ ကျွန်တော့်ကိုမကင်းနိုင်။ ကျွန်တော်ကလည်း စေတနာတွေဗလပွနှင့်ထပ်လုပ်ပေးတော့ မစားရအညှော်ခံသံသရာက လည်နေတော့၏။ Continue reading ““မြူခိုးရယ်…ဝေ” အပိုင်း (၁၁)”