မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၁၁)

(၁၁)

အားလပ်ရက် တနင်္ဂနွေနေ့တွေဆို အတူတူလျှောက်လည်ဖို့ ညချမ်းက မရမကခေါ်တတ်လာခဲ့ သည်။ သူဇာကလည်း မငြင်းဖြစ်တော့ပါ။ ညချမ်းနဲ့ သွားလာရတာ အင်မတန် ပျော်မိလေသည်။ မိုးမြင့် တစ်ယောက်ကတော့ သူဇာတို့နှစ်ယောက် ဘယ်သွားမလဲဆိုတာ အမြဲတမ်းစုံစမ်းနေပြီး နောက်ကနေ လိုက်ဖို့ အဆင်သင့်ရှိနေလေသည်။

“အားလပ်ရက် လျှောက်သွားတာပဲကွာ။ ဘာဖြစ်လဲ။ ငါလည်း လိုက်ချင်တာပေါ့။ သူဇာတို့က ချစ်သူတွေမှ မဟုတ်ကြသေးတာ” Continue reading “မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၁၁)”

မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၁၀)

(၁၀)

အစတုန်းကတော့ သူဇာနဲ့ပတ်သက်လို့ သဝန်တိုတာလို့ပဲ ထင်ခဲ့သည်။ သူဇာ့ကို မိုးမြင့်ကချစ် လို့ပေါ့။ အဲ့လိုပဲ ထင်ထားတာ။ တကယ်တော့ မိုးမြင့်ရင်ထဲမှာ ညချမ်းမောင်ကို ချစ်နေကြောင်းကို တဖြည်းဖြည်း နားလည်လာ၊ သိလာခဲ့သည်။

“တကယ်တမ်း ညီမလေးကို ယောက်ျားစိတ်ဝင်နေတယ်။ မိန်းကလေးတွေကိုပဲ စိတ်ဝင်စား တယ်လို့ ထင်ထားတာ။ အဲ့လို မဟုတ်ပြန်ဘူး သူဇာရေ…။ သူကယောက်ျားယူမှာဆိုပဲ။ သူယောက်ျား ရရင် ငါ့ကိုကောင်းကောင်းထားမယ်တဲ့” Continue reading “မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၁၀)”

မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၉)

(၉)

“ငါတို့တွေက အမျိုးမှမဟုတ်ကြတာ ဝေယံရယ်။ သွေးမတော် သားမစပ် လူတစ်ယောက်ကို ပုံမှန်ထက် သံယောဇဉ်ဖြစ်မိနေတာ သမာရိုးကျမဟုတ်လို့ပေါ့”

ဝေယံက သူဇာတို့ထက် ရာထူးမြင့်၊ ပညာတတ်တာမို့ တိုင်ပင်ဖြစ်သည်။ သူငယ်ချင်းအရင်း လိုလည်းဖြစ်နေသည်မို့ ယုံကြည်တာလည်းပါသည်။

“နိုင်ငံခြားသွားမယ့်ကိစ္စကို ညချမ်းမောင် ဘာပြောလဲ”

“သူ့ကို သေချာမပြောပြဖြစ်သေးပါဘူးဟယ်” Continue reading “မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၉)”

မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၈)

(၈)

လူတစ်ယောက်ကို ချစ်ဖို့အတွက် တွေဝေမှု၊ စဉ်းစားမှုတွေနဲ့ အခိုင်အမာ မဆုံးဖြတ်နိုင်ဘဲရှိရာမှ ဝေငြိမ်းရဲ့ အပြောတွေကြောင့် ပိုပြီးတွေဝေသွားမိလေသည်။ သူဇာ သူ့ကိုချစ်ပါသည်။ မြင်မြင်ချင်းကို စချစ်ခဲ့တာပါ။ ဒါပေမယ့် စဉ်းစားမှုတွေ ရောက်ရောက်လာတာကြောင့် ချက်ချင်းကြီး အဖြေမပေးနိုုင်ဘဲ ရှိလေ၏။

“ကောင်မလေးက မဆိုးဘူးဟဲ့..။ လှတယ်”

သူဇာတို့က မိသားစုများသည်။ စည်းစည်းလုံးလုံးနဲ့ တက်ညီလက်ညီအလုပ်လုပ်ကြတာမို့ စီးပွားရေးက အရမ်းအကြပ်ကြီးမဟုတ်။ ဒါပေမဲ့ သူမ ရန်ကုန်တက်လာသည်။ “ယော” မှာနေလို့ ဘာ မှထူးလာမှာမဟုတ်။ ရန်ကုန်မှာတော့ မျက်စိပွင့် နားပွင့်မဟုတ်လား။ Continue reading “မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၈)”

မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၇)

(၇)

မိုးခြိမ်းသံကြီးတစ်ချက်ကြောင့် ကျွန်တော် လန့်သွားသည်။ ဒီမိုးနဲ့တော့ ညဘက်အိပ်ပျော်နေရင် တောင် ခဏခဏလန့်နိုးတော့မှာပဲ။

“ဟော”

အဲ့ဒီ မိုးခြိမ်းသံကြောင့် ထင်သည်။ အိပ်ပျော်နေသော ဝေငြိမ်းထက်လည်း လန့်နိုးလာသည်။

“မိုးခြိမ်းလို့ လန့်နိုးတာလား” Continue reading “မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၇)”