မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၆)

(၆)

ရုတ်တရက်မြင်လိုက်ရသောမြင်ကွင်းကြောင့် ဝေငြိမ်းမျက်လုံးပြူးသွားမိသည်။ ဘုရား ဘုရား။ ညချမ်းနဲ့ကောင်မလေးတစ်ယောက်။ ဝတ်ထားစားထားကြတာ လန်ပျံထွက်နေတာပဲ။

ဒီနေ့တနင်္ဂနွေပိတ်ရက်မို့ ထောက်ကြန့်စျေးမှာစျေးလာဝယ်ရင်း တွေ့တာဖြစ်သည်။ ပိတ်ရက်မှာ အချိန်ယူပြီး ငါးပိကြော်၊ ငါးခြောက်ကြော်လေးတွေလုပ်ထားတော့ အလုပ်ဆင်းတဲ့အချိန်သက်သာ သည်။ ပြီးတော့ သူ့အတွက်ကြက်ပေါင်လေးတစ်ချောင်းလောက် ဝယ်ကြော်ပေးချင်လို့ စျေးကိုထွက် လာခဲ့တာဖြစ်သည်။

“ယုံတောင်မယုံနိုင်ဘူး”

တစ်ကိုယ်တည်းရေရွတ်မိသည်။ Continue reading “မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၆)”

မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၅)

(၅)

တစ်ခုခုတော့မှားနေပြီဆိုတာ ဝေငြိမ်းရိပ်မိလိုက်ပါသည်။ ညီမလေးကျောင်းကပြန်လာပြီး ခင်သူ ဇာ့ရက္ကန်းစင်နားမှာ စကားသွားပြောတာအတော်ကြာနေပြီ။ ပုံမှန်ပြောနေကျပုံစံမဟုတ်။ အရင်ဆိုသဲတွေ ကိုယ်တွေနဲ့ တစ်ယောက်ကိုတစ်ယောက် ကျီစားလို့။ အခုတော့ တိုးတိုးတိုးတိုးနဲ့ တစ်ယောက်တစ်ခွန်း စကားများနေပုံရသည်။ ဝေငြိမ်းရက်ဖောက်သွားယူပြီး ပြန်လာတာတောင်မပြီးကြသေး။ ရက်ဖောက် စက်က ပျက်နေတာနဲ့စောင့်ယူရတာ ဆယ့်ငါးမိနစ်လောက်တောင်ကြာသည်။

ညီမလေးကျောင်းကပြန်လာပြီး သူဇာ့အနားစကားလာပြောတာကို “လှပသော ညနေခင်း” ဆို ပြီး သူဇာကနာမည်ပေးဖူးသည်။ Continue reading “မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၅)”

မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၄)

(၄)

“ညချမ်းမောင်နဲ့ ခင်သူဇာ ချစ်သူတွေ ဖြစ်ခါနီးနေပြီ”

အဲ့ဒီစကားက ဝေငြိမ်းကို တကယ်ပင်အံ့အားသင့်စေခဲ့ပါသည်။ ပြောတဲ့သူကလည်း တခြားသူ မဟုတ်။ ညီမလေးပြောတာ။

“ဟုတ်ရဲ့လားဟယ်”

သေချာအောင်ထပ်မေးမိသည်။ လုံးဝမရိပ်မိစေခဲ့အောင်ပဲ သူတို့အနေအထိုင်သေသပ်တာလား။ ဝေငြိမ်းပဲ သတိမထားမိခဲ့တာလား မပြောတတ်တော့။ ရင်ထဲမှာတော့ ဗလောင်ဆူသွားမိသည်။ တစ် ဖက်ကလည်း အင်းလေ .. ဒါသဘာဝပဲလို့ ဖြေသိမ့်မိ၏။ Continue reading “မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၄)”

မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၃)

(၃)

တကယ်တမ်းမှာတော့ ညချမ်းမောင်ရဲ့စိတ်အာရုံတွေအားလုံးကို သိမ်းပိုက်လိုက်တာ ခင်သူဇာ ပင်ဖြစ်လေသည်။ အဲဒါကို ဝေငြိမ်း မရိပ်မိခဲ့ပါ။ ညချမ်းမောင်နဲ့ ဘယ်လိုရောရမလဲဆိုတဲ့ အတွေးတွေ သာ ဝေငြိမ်းဆီကို ရောက်နေခဲ့တာပင်။

ချားဆွဲသမားတွေအနေနဲ့ ရက္ကန်းစင်တွေပျက်ရင် ပြင်ပေးဖို့တာဝန်ကိုလည်း ယူထားတာမို့ အဲ့ဒီ အချက်က ဝေငြိမ်းအတွက် ဇာတ်လမ်းစဖို့ ဖြစ်လာခဲ့သည်။ ရက္ကန်းစင် (၄၀) အတွက် ချားဆွဲသမား (၅) ယောက်ရှိပါသည်။ ရက္ကန်းစင်ပျက်ရင် ကိုယ်နဲ့ခင်ရာမင်ကြောင်း ချားဆွဲသမားတွေကို ခေါ်ပြင်ခိုင်းလေ့ရှိ ကြပြီး ရက္ကန်းသမားတွေက မုန့်ဖိုးပဲဖိုးပေး၊ မပေးရင် မုန့်လေးဘာလေးဝယ်ကျွေးရသည်။ Continue reading “မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၃)”

မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၂)

(၂)

လုပ်ငန်းခွင် ရက္ကန်းရုံတွင် လူသစ်တစ်ယောက်ရောက်တိုင်း အဲ့ဒီလူသစ်နဲ့ပတ်သက်ပြီး ကနဦး အမြင်ကို ဝေဖန်ကြ၊ တီးတိုးတီးတိုး အတင်းပြောတတ်ကြတာ သဘာဝပင်။

အဲ့ဒီနေ့က “ဝေငြိမ်း” တို့အလုပ်မှာ သူအလုပ်စဆင်းပါသည်။

“ဟဲ့ .. နာမည်ကတော့ အပျံစားပဲ… ညချမ်းမောင်တဲ့..။ လူကလည်း ကြည့်ပါဦး.. နုဖတ်နေတာ ပဲ။ ကိုရီးယားကောင်လေးကျနေတာပဲ။ ချားဆွဲသမားနဲ့တောင် မတူဘူး။ ချောလိုက်တာဟယ်” Continue reading “မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၂)”