မြစိမ်းရောင်လွင်ပြင် အပိုင်း (၂၀)

(၂၀)

“ကိုဖြိုးကိုဘယ်သူသတ်တာလဲဆိုတာ သိရပြီ၊ လိမ္မော်ခြံကိုလိုက်လာခဲ့ပါ”

စိုင်းလုံနဲ့ သိမ့်သီတာဆီကို မတ်ဆေ့ချ်ပို့လိုက်သည်။ ဖုန်းပြောရင်စကားရှည်နေမှာစိုးလို့။

ပြီးတာနဲ့ ခုနကနေရာကိုပြန်လာခဲ့လိုက်သည်။ ဒီတစ်ခါတော့လှေကားအဆုံးထိတိုင်အောင်အရဲစွန့်ပြီး ဆင်းပစ်လိုက်သည်။ ပြီးတော့ တံခါးရွက်တစ်စွန်းတစ်စကို အကာအကွယ်ယူကာချောင်းကြည့်နေလိုက်သည်။ Continue reading “မြစိမ်းရောင်လွင်ပြင် အပိုင်း (၂၀)”

မြစိမ်းရောင်လွင်ပြင် အပိုင်း (၁၉)

(၁၉)

ဒေသခံတွေအဖို့ ဒီနေရာကိုလာဖို့လွယ်ကူပေမယ့် နှင်းအတွက်တော့ခက်ခဲလှလေသည်။ နောင်ချိုမှာရှိတဲ့ ဖေဖေ့အသိတစ် ယောက်ရဲ့ကားနဲ့လိုက်ပို့ပေးခဲ့ပြီး အပြန်ကိုစောင့်နေပေးပါ့မယ်တဲ့။ ကားလမ်းမကနေ လိမ္မော်ခြံရှိရာဆီကို ခပ်လှမ်းလှမ်း ဝင်ရသေးတော့ ကားကိုဝင်ခိုင်းမနေတော့ဘဲ လမ်းလျှောက်လာခဲ့လိုက်၏။ လမ်းကတောလမ်းမို့ကားဝင်ရင်လည်း သိပ် အဆင်ပြေမယ်မထင်။

ကားကိုလည်းဒီနေရာနဲ့အနီးတစ်ဝိုက်မှာစောင့်မနေခိုင်းတော့ဘဲ ကျောက်မဲဖက်ဖြစ်ဖြစ်၊ သီပေါဖက်ကို ဖြစ်ဖြစ် နီးစပ်ရာရွာကလေးတစ်ရွာဆီမှာ စောင့်စေလိုက်သည်။ Continue reading “မြစိမ်းရောင်လွင်ပြင် အပိုင်း (၁၉)”

မြစိမ်းရောင်လွင်ပြင် အပိုင်း (၁၈)

(၁၈)

အကြောင်းအရာတွေကို ဆက်စပ်စဉ်းစားလိုက်ပြီး ဘယ်အရာကနှင်းတို့ကိုလှည်းစားနေသလဲဆိုတာ ဝိုးတဝါးမြင်ယောင် လာလေသည်။ နှင်းတစ်ယောက်တည်းပဲ တွေးမိတာလားတော့မပြောတတ်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် နှင်းကတော့ နှင်းယူဆ ထားတဲ့ အကြောင်းအရာအတိုင်းအကောင်အထည်ဖော်ဖို့ဆုံးဖြတ်လိုက်လေသည်။

စိုင်းလုံ။ Continue reading “မြစိမ်းရောင်လွင်ပြင် အပိုင်း (၁၈)”

မြစိမ်းရောင်လွင်ပြင် အပိုင်း (၁၇)

(၁၇)

ကိုဖြိုးရဲ့ဒဏ်ရာတွေက အချင်းကြီးပျောက်တယ်လို့မဟုတ်ပေမယ့် အပြင်ဒဏ်ရာတွေများတာမို့ အိမ်မှာပဲနားနားနေနေ နေခွင့်ကို ဆရာဝန်ကခွင့်ပြုလိုက်ခြင်းပင်။ သတိရလာတယ်ဆိုပေမယ့် စကားပြောလို့မရသေးပါ။

သူနှင်းတို့ကို စကားပြောချင်နေမှန်း မျက်နှာရိပ်မျက်နှာကဲပြနေပေမယ့် သူ့အသံအိုးအခြေအနေက လတ်တလောမှာ ဆရာ ဝန်တွေစောင့်ကြည့်နေရတဲ့အနေအထားမို့ တိတိပပအဖြေမထွက်သေးပါ။ Continue reading “မြစိမ်းရောင်လွင်ပြင် အပိုင်း (၁၇)”