မြစိမ်းရောင်လွင်ပြင် အပိုင်း (၅)

(၅)

မနက်မိုးလင်းလို့ ဆိုင်ခင်းကျင်းပြီး ဝိုင်းကူပေးမယ့်ကောင်မလေးတွေရောက်တာနဲ့ နှင်းဆီကိုဦးတည်ထွက်လာခဲ့မိသည်။ လက်ထဲမှာ နှင်းစားဖို့ခေါက်ဆွဲနဲ့ ဝက်ခေါက်ကြော်ပါဆယ်ထုတ်ဆွဲလာခဲ့၏။ ကျွန်တော်ကိုယ်တိုင်လုပ်ထားတဲ့နှင်းအတွက် မနက်စာပေါ့။

နှင်းတို့အိပ်ရာက ထပြီးအချိန်၊သိမ့်သီတာရဲ့အမျိုးသားကျော်စွာအလုပ်သွားဖို့ခြံပေါက်ဝကိုထွက်လာချိန်နဲ့ကွက်တိကျသည်။ ကျော်စွာနဲ့ကျွန်တော် ခြံတံခါးဝမှာတင်တွေ့ပြီးနှုတ်ဆက်ကာ အိမ်ထဲကိုဝင်လာခဲ့၏။ Continue reading “မြစိမ်းရောင်လွင်ပြင် အပိုင်း (၅)”

မြစိမ်းရောင်လွင်ပြင် အပိုင်း (၄)

(၄)

“ဘယ်လိုလုပ်ကြမလဲ”

ကျွန်တော်ရယ်၊ နှင်းရယ်၊ သိမ့်သီတာရယ် သုံးယောက်သား ခေါင်းချင်းဆိုင်ဆွေးနွေးစကားပြောရတဲ့အခြေအနေကို ရောက် မှန်းမသိရောက်ရှိခဲ့လေပြီ။ ဦးလေးကောင်းပျောက်ဆုံးသွားတာ ပုံမှန်အခြေအနေမဟုတ်ခဲ့ပါ။ Continue reading “မြစိမ်းရောင်လွင်ပြင် အပိုင်း (၄)”

မြစိမ်းရောင်လွင်ပြင် အပိုင်း (၃)

(၃)

နောက်တစ်နေ့ နှင်းမြူတွေစဲခါစအချိန်မှာပဲ သူမတည်းခိုရာအိမ်ဆီကို ကျွန်တော်ရောက်လာခဲ့ပါသည်။ အိမ်ရှေ့ဆိုင်ကယ် စက်ရပ်သံကြောင့် အိမ်ထဲက ခေါင်းလေးထောင်ကြည့်တဲ့သူမ မျက်နှာလေးကိုလှမ်းတွေ့လိုက်ရတော့ ကြည်နူးမိသွားသည်။ ကျွန်တော်လာတာကိုတော့ အံသြသွားပုံပင်။ ဝဏ္ဏပျောက်သွားတဲ့ကိစ္စကို သူ့မိသားစုကရဲတိုင်ထားပြီးပြီမို့ အဲဒီသတင်းကို လည်းပေးရင်း၊ သူမ မျက်နှာလေးကိုလည်းမြင်ခွင့်ရဖို့ကြိုးစားရင်း နောက်ပြီးတော့…သူမနဲ့အတူ ကျွန်တော်တို့ရဲ့ကျောက်မဲ မြို့လေးကို လည်ပတ်ခွင့်ရလိုရငြားအချက်တွေနဲ့ လာခဲ့ခြင်းပါ။ Continue reading “မြစိမ်းရောင်လွင်ပြင် အပိုင်း (၃)”

မြစိမ်းရောင်လွင်ပြင် အပိုင်း (၂)

(၂)

“စိုင်းဝဏ္ဏ …ရုတ်တရက်ကြီးပျောက်သွားလို့”

အဲဒီသတင်းနဲ့အတူ သူမကျွန်တော့်ဆီကိုနောက်တစ်နေ့ မိုးလင်းလင်းချင်းရောက်လာခဲ့သည်။ သူမကိုတက်ကြွပျော်ရွှင်နေ တဲ့ပုံစံမျိုးနဲ့သာမြင်တွေ့ရဖို့မျှော်လင့်ထားတာ။ အခုလိုမျိုးစိုးရိမ်ပူပန်စိတ်တွေနဲ့တွေ့ရပြန်တော့ သနားမိသွားကာသူမလိုချင် တာကိုဖြည့်ဆည်းပေးချင်တဲ့စိတ်တွေ တဖွားဖွားပေါ်လာခဲ့လေသည်။ သူမရောက်လာတဲ့အချိန်က ကျွန်တော်တို့မောင်နှမ နှစ်ယောက်ဆိုင်စခင်းတဲ့အချိန်။ ဟင်းရည်နွှေးဖို့ မီးမွှေးပြီးခါစအချိန်။ Continue reading “မြစိမ်းရောင်လွင်ပြင် အပိုင်း (၂)”

မြစိမ်းရောင်လွင်ပြင် အပိုင်း (၁)

စိုင်းလုံ

(၁)

အဲဒီနေ့က ဇန်နဝါရီလ (၃) ရက်နေ့။ မြူနှင်းတွေကတစ်မြို့လုံးပိန်းပိတ်အောင်မှောင်နေလေသည်။ ကျောက်မဲမြို့ရဲ့ရှုခင်း တစ်ပိုင်းတစ်စက ကျွန်တော့်မြင်ကွင်းမှာဝေဝါးလို့။ အိုး…အေးချမ်းလိုက်တာ။ လွန်ခဲ့တဲ့ နှစ် (၂၀) ကျော်ကတည်းက ဒီမြင် ကွင်းနဲ့ရင်းနှီးအသားကျနေပေမယ့် ဘယ်တော့မှမရိုးခဲ့ပါ။ ဆေးရုံအနောက်ဖက်ဆီကိုမောင်းလိုက်တာနဲ့ စိန္ဒာမုနိဘုရားကို ဖူးမျှော်နိုင်မည်။ Continue reading “မြစိမ်းရောင်လွင်ပြင် အပိုင်း (၁)”