ချစ်သူပြောတဲ့…..ကြယ်ကြွေပုံပြင် အပိုင်း (၁၇)

(၁၇)

အရာရာတိုင်းကိုပုံသေတွက်ထားလို့မရဘူးဆိုတာ သူနားလည်လိုက်ချိန်မှာတော့ အဲဒီမြင်ကွင်းကို သူမြင်ရပြီးသားဖြစ်နေလေသည်။ ရွှေရည်က သူတို့နှစ်ယောက်ကိုပြောစရာ၊ တိုင်ပင်စရာရှိတယ်ဆိုပြီး ချိန်းထားရာကို လာခဲ့တာဖြစ်သည်။ သူဘယ်လိုမှထင်မှတ်မထားတဲ့မြင်ကွင်းတစ်ခု။

အဲဒီမြင်ကွင်းကို မြင်မှန်းမသိမြင်လိုက်ရလေသည်။ Continue reading “ချစ်သူပြောတဲ့…..ကြယ်ကြွေပုံပြင် အပိုင်း (၁၇)”

ချစ်သူပြောတဲ့…..ကြယ်ကြွေပုံပြင် အပိုင်း (၁၆)

(၁၆)

ချစ်သူ့လိုအင်ဆန္ဒဖြည့်ဆည်းပေးခြင်းသည် ချစ်သူရဲ့စိတ်ချမ်းသာမှုအပြင် မိမိစိတ်ချမ်းသာမှုအတွက် လည်း အဓိကကျတဲ့အရာဖြစ်လေသည်။ သူ့ရဲ့လေးခုမြောက်သောစာအုပ်လှည်းလေးထောင်အပြီး နောက်မှာတော့ ရွှေရည့်လိုအင်တွေကိုအရင်ကထက်ပိုပြီးဖြည့်စွမ်းပေးနိုင်လာသည်။ စာအုပ်လှည်း တွေရဲ့ဝင်ငွေကအရမ်းမကောင်းလှပေမယ့် စားရေးသောက်ရေးဖူလုံတဲ့အပြင် အပိုငွေတွေကိုပါ စုဆောင်းနိုင်လာသည်။ နေစားရိတ်ကတော့ဘုန်းကြီးကျောင်းမှာမို့မကုန်သည့်အပြင် တစ်ခြားသူ့လို ဘုန်းကြီးကျောင်းကပ်နေတဲ့သူငယ်ချင်းတစ်ချို့ကိုပါ သူကအလုပ်ပေးနိုင်လာ၏။ Continue reading “ချစ်သူပြောတဲ့…..ကြယ်ကြွေပုံပြင် အပိုင်း (၁၆)”

ချစ်သူပြောတဲ့…..ကြယ်ကြွေပုံပြင် အပိုင်း (၁၅)

(၁၅)

သူ့ရဲ့ပထမဆုံးစဉ်းစားပုံမှာ ရွှေရည်နဲ့အခုထက်ပိုပြီးတွေ့ခွင့်ရဖို့ပဲဖြစ်သည်။ အဲဒီတော့ သူမဘယ် နေရာမှာရှိတတ်တယ်၊ ဘာတွေလုပ်တယ်ဆိုတာကိုစုံစမ်းရသည်။ တစ်ပတ်တာလုံးမှာသူနဲ့ရွှေရည်တွေ့ ချိန်က ငဇော်နဲ့တွေ့ချိန်လောက်ရှိမှာမဟုတ်တာအသေအချာပင်။

Continue reading “ချစ်သူပြောတဲ့…..ကြယ်ကြွေပုံပြင် အပိုင်း (၁၅)”

ချစ်သူပြောတဲ့…..ကြယ်ကြွေပုံပြင် အပိုင်း (၁၄)

(၁၄)

တစ်စုံတစ်ယောက်ကိုချစ်မိသွားပြီဆိုရင် သူနဲ့ပတ်သက်ပြီးအရာရာခံစားနေရတော့တာပါပဲ။ သူပျော် နေတာတွေ့ရင် ကိုယ်လည်းပျော်မယ်၊ သူမျက်နှာညှိုးနေရင်ကိုယ်လည်းစိတ်မကောင်းဘူး၊ သူတစ်စုံ တစ်ရာလိုချင်တယ်ဆိုရင် ဖြည့်ဆည်းပေးချင်စိတ်ကပေါ်လာတတ်တာ သဘာဝပဲလားမသိတော့ပါ။ သူ ရွှေရည့် ကို တိတ်တခိုးချစ်နေမိတာတွေကတစ်နေ့ထက်တစ်နေ့ ဖုံးမနိုင်ဖိမရဖြစ်လာခဲ့လေသည်။ Continue reading “ချစ်သူပြောတဲ့…..ကြယ်ကြွေပုံပြင် အပိုင်း (၁၄)”

ချစ်သူပြောတဲ့…..ကြယ်ကြွေပုံပြင် အပိုင်း (၁၃)

(၁၃)

“အား”

ကျွန်တော့်အော်သံကြောင့် ဘေးနားမှာရှိတဲ့သူတွေ ထခုန်သူခုန်၊ လန့်သူလန့်နဲ့ ရုတ်ရုတ်သဲသဲဖြစ်ကုန် သည်။

“ဟဲ့ ဟဲ့ လုပ်ကြပါဦး၊ ဟိုလူသတိရလာပြီ”

“အေး မသေသေးဘူးတော့်” Continue reading “ချစ်သူပြောတဲ့…..ကြယ်ကြွေပုံပြင် အပိုင်း (၁၃)”