လွန်လေပြီးသော ချစ်သူ အပိုင်း (၂၅) ဇာတ်သိမ်း

(၂၅)
“မင်းဟံသာ၊ မင်းကွာ ငါတို့ဘယ်လောက်စိတ်ပူနေမလဲဆိုတာမတွေးမိဘူးလား၊ မင်းကောင်မလေးကတော့ အရူးတစ်ပိုင်းဖြစ်နေပြီ၊ ဘယ်ပျောက်လို့ပျောက်သွားမှန်းလည်းမသိဘူး၊ အလုပ်ထဲသွားမေးတော့လည်း ခွင့်ယူထားတယ်လို့ပဲ ဖြေတယ်၊ တော်တော်အကျင့်မ ကောင်းတဲ့ကောင်”
“ငါဘာလုပ်လို့လဲ၊ မင်းတို့ကမှ အကျင့်မကောင်းတာ၊ ငါနဲ့ မရဲ့နောက်ဆုံးနေ့ကိုတွေ့ခွင့်မပေးဘဲ….”
“မင်း အဲကိစ္စကြောင့်ပြသနာတက်ခဲ့ပြီးပြီ၊ မတော်နိုင်သေးဘူးလား” Continue reading “လွန်လေပြီးသော ချစ်သူ အပိုင်း (၂၅) ဇာတ်သိမ်း”

လွန်လေပြီးသော ချစ်သူ အပိုင်း (၂၄)

(၂၄)
“အမှန်ပဲဒေါ်ဒေါ်၊ ကျွန်တော်အဲဒီနေ့က ဝတ်လာတဲ့အဝတ်အစားကဒေါ်ဒေါ်ပြောပြတဲ့အတိုင်းပဲ”
အနီရောင်လက်ရှည်ခေါင်းစွပ်နဲ့။ ဂျင်းဘောင်းဘီအပြာ၊ ရှူးဖိနပ်အနက်ရောင်နဲ့။ အကျီင်္ခေါင်းစွပ်အထဲကတီရှပ်အပြာနုရောင်။ မင်းမင်း တို့အိမ်ကနေလာခဲ့တဲ့နေ့။ ကျွန်တော့်ကိုဝိုင်းပြီးအနိုင်ကျင့်ကြတဲ့နေ့ပြီးနောက်တစ်နေ့ကန်ဘောင်ကိုကျွန်တော်လာတုန်းက အဲဒီအဝတ် အစားမှန်းကောင်းကောင်းမှတ်မိတာပေါ့။ Continue reading “လွန်လေပြီးသော ချစ်သူ အပိုင်း (၂၄)”

လွန်လေပြီးသော ချစ်သူ အပိုင်း (၂၃)

(၂၃)
မြူတွေပိန်းပိတ်အောင်မှောင်နေတာမို့ပတ်ဝန်းကျင်ကိုသဲသဲကွဲကွဲမမြင်ရပါ။ ရာသီဥတုကအေးမြနေသလိုပဲ သူမရင်ထဲမှာလည်းအေးမြ နေလေသည်။ ဒီနေ့ သူမမျှော်လင့်ခဲ့ရသောလူတစ်ယောက်နဲ့တွေ့မည်။ အဲဒီလူဟာတကယ့်အပြင်လောကမှာရှိနေမည်ဆိုတာကိုတော့ သူမတစ်ထစ်ချယုံကြည်ထားသည်။ ဒါပေမယ့် အဲဒီလူနဲ့ဆုံတွေ့ရဖို့ကတော့ သူမ ရာနှုန်းပြည့်မယုံနိုင်ပါချေ။ မျှော်လင့်ချက်အကြီးကြီးကို သာဖက်တွယ်လျှက်ဆုတောင်းနေမိခဲ့လေသည်။ Continue reading “လွန်လေပြီးသော ချစ်သူ အပိုင်း (၂၃)”

လွန်လေပြီးသော ချစ်သူ အပိုင်း (၂၂)

(၂၂)
အသက်အရွယ်ကြီးရင့်ပေမယ့် သူမရဲ့ငယ်ရုပ်ကိုဖမ်းလိုက်ရင်တော့ အစ်မမြတ်သစ်ခွအတိုင်းပါပဲ။ ဓါတ်ပုံထဲကအစ်မမြတ်သစ်ခွအပြင်ကို ရောက်နေသလိုပါပဲ။
“ဟိုတစ်ခေါက်လာတယ်ဆိုတာ လူလေးလား”
“ဟုတ်ပါတယ် ခင်ဗျ” Continue reading “လွန်လေပြီးသော ချစ်သူ အပိုင်း (၂၂)”

လွန်လေပြီးသော ချစ်သူ အပိုင်း (၂၁)

(၂၁)
“ယုံတယ်မယုံဘူးဆိုတာထက် တော်တော်စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာပဲ”
ကျွန်တော်တို့ရဲ့အဖြစ်အပျက်ကိုနားထောင်ပြီး ဦးအောင်ချစ်ကမှတ်ချက်ပြုသည်။ မျက်နှာဝိုင်းဝိုင်း၊ ခပ်ပိန်ပိန်နဲ့ ရုပ်ရည်သန့်သန့်ထဲက ဖြစ်သည်။ မြန်မာလို့သာပြောလို့ယုံရသည်။ သူ့ပုံစံက လုံးဝတရုတ်လူမျိူးပုံစံပင်။
“ဘယ်သူကမှ ယုံနိုင်စရာအကြောင်းမဟုတ်ပါဘူးဗျာ၊ တစ်ခါတစ်လေ ကျွန်တော်ကိုယ်တိုင်လည်းမယုံနိုင်ဘူးဖြစ်နေတယ်”
“အင်းလေ၊ ဟုတ်မှာပေါ့၊ ဒါဖြင့်ကိုယ်ကငါ့ညီကိုအဲဒီစာပေးရမယ်ဆိုပါတော့” Continue reading “လွန်လေပြီးသော ချစ်သူ အပိုင်း (၂၁)”