လွန်လေပြီးသော ချစ်သူ အပိုင်း (၅)

(၅)

အဲဒီနေ့မနက်ပိုင်းခရီးစဉ်အထိ တစ်ခြားထူးထူးခြားခြားအကြောင်းအရာမရှိခဲ့ပါ။ ကျွန်တော်တို့ကို စက်ရုံကိုလိုက်ပို့၊ ကုန်ပစ္စည်းရုံးချုပ် ကိုလိုက်ပို့တာလောက်အထိအေးအေးဆေးဆေးပင်။ ကျွန်တော်တို့ကိုလိုက်ပို့သောနေရာမှာ Shanghai Waigaoqiao Free Trade Zone ဖြစ်သည်။

Continue reading “လွန်လေပြီးသော ချစ်သူ အပိုင်း (၅)”

လွန်လေပြီးသော ချစ်သူ အပိုင်း (၄)

(၄)

စိတ်ထဲမှာ မတင်မကျဖြစ်နေတာတွေကို သိရဖို့အတွက် ကူမင်းလေဆိပ်အရောက်မှာပင် အဲဒီဖုန်းကိုဆက်လိုက်မိပါသည်။ အစ်မမြတ် သစ်ခွရဲ့သူငယ်ချင်းဖုန်းနံပါတ်။ ကျွန်တော်တို့အလုပ်က စီနီယာတစ်ယောက်မှာဆက်လို့ရတဲ့ ဖုန်းကတ်အဆင်သင့်ရှိနေတော့ ဖုန်းကတ် ဝယ်ဖို့နေရာ ရှာစရာမလိုပါ။

ဖုန်းကအလွယ်တကူပင် ဝင်သွားလေသည်။ ဖုန်းကိုင်သူအမျိုးသမီးတစ်ယောက်။

Continue reading “လွန်လေပြီးသော ချစ်သူ အပိုင်း (၄)”

လွန်လေပြီးသော ချစ်သူ အပိုင်း (၃)

(၃)

သူမကျွန်တော့်ကိုလှောင်လေသည်။ မဖြစ်နိုင်တာ။ နောက်နေတာမဟုတ်လားတဲ့။ ကျွန်တော်ကပဲသူမကို နောက်နေတယ်လို့ထင် နေတာပေါ့။ ကျွန်တော်ကလည်း သူမနောက်နေတာလို့ပဲထင်ထားခဲ့တာ။ အဲဒီတော့ကျွန်တော်တို့ စမ်းသပ်မှုတစ်ချို့လုပ်ကြသည်။ သူမက ကျွန်တော့်ဖုန်းနံပါတ်ကိုတောင်းလိုက်ပြီး အခုချက်ချင်းဆက်မယ်ဆိုတော့ အသာတကြည်ပင်ပေးလိုက်သည်။ ကျွန်တော့်ဖုန်းက (၀၉၇၃၀) ငါးသိန်းတန် CDMA 800 MHZ ဖုန်းမို့နံပါတ်ကို အထူးတဆန်းလို့ပြော၏။

Continue reading “လွန်လေပြီးသော ချစ်သူ အပိုင်း (၃)”

လွန်လေပြီးသော ချစ်သူ အပိုင်း (၂)

(၂)

ဇန်နဝါရီလ (၃၁) ရက်နေ့ညနေပေါ့။ ကျွန်တော် အစ်မမြတ်သစ်ခွတို့အိမ်ကနေပြန်လာခဲ့တာ။ သူမကျွန်တော့်ကို လှည့်စားတာ၊ နောက် တာ လို့ပဲထင်နေမိပေမယ့် စာအုပ်စင်ပေါ်ကစာအုပ်တချို့ကိုယူလာပြီးနောက်ပိုင်းမှာတော့ စိတ်ထဲမှာသံသယစိတ်တွေ ဝင်လာမိသည်။ ပြီးတော့ အဖြစ်အပျက်က တော်တော်ဆန်းကြယ်နေမှန်း သိလာသည်။ ယုံလည်းမယုံနိုင်သေး။ တစ်ခုခုလွဲချော်နေမှန်း သိနေတာကလွဲ ရင် အဖြေကိုရှာဖို့က အစ်မမြတ်သစ်ခွနဲ့ တွေ့မှရမည်။ အဲဒီအိမ်ကနေပြန်လာပြီးနောက်ပိုင်း ညရှစ်နာရီခွဲဖို့ကို အကြာကြီး စောင့်နေရသ လို ခံစားရသည်။ ထူးဆန်းတာက စာအုပ်စင်ထဲမှာ။ စာအုပ်စင်ထဲမှာ……..ထူးဆန်းမှုကိုကျွန်တော်ခံစားရခဲ့သည်။ ညှီစို့စို့အငွေ့အသက် တစ်ချို့ကိုရှုရှိုက်မိတာတော့အမှန်ပင်။ ကျွန်တော်လိုချင်တဲ့စာအုပ်က အမှန်တကယ်ပင်စာအုပ်စင်ထဲမှာရှိနေလေသည်။ မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းရဲ့သမိုင်းကြောင်းများကို ပြုစုရေးသားထားသောမှတ်စုစာအုပ်။ စာအုပ်စင်ကို သုတ၊ ရသ စသည်ဖြင့် ခေါင်းစဉ်သတ် မှတ်ချက်အလိုက်ခွဲခြားထားတာကြောင့် အလွယ်တကူပင်ရှာတွေ့ခဲ့ပါသည်။

Continue reading “လွန်လေပြီးသော ချစ်သူ အပိုင်း (၂)”

လွန်လေပြီးသော ချစ်သူ အပိုင်း (၁)

(၁)
အားလုံးရဲ့ဘဝတစ်သက်တာမှာ တစ်ခါမှမျှော်လင့်မထားတဲ့အဖြစ်အပျက်တွေ တကယ်တမ်းဖြစ်လာတာမျိုးအနည်းနဲ့အများ တွေ့ကြုံဖူး ကြမှာပါ။ လောကကြီးမှာထင်မှတ်မထားတဲ့အရာတွေ ဖြစ်လာတတ်တာဟာ အထူးအဆန်းမဟုတ်သလိုဖြစ်နေပေမယ့် ကျွန်တော့်လို အဖြစ်အပျက်ကတော့ ဘယ်သူကမှတွေ့ကြုံဖူးကြလိမ့်မယ်လို့တော့မထင်ပါ။ ကျွန်တော့်ရဲ့အဲဒီအကြောင်းအရာကိုသိရင်တော့ အဲဒါမျိုး တကယ်ရှိပါ့မလား ဆိုပြီးတော့တောင်သံသယဝင်ကြလိမ့်မှာအသေအချာပင်။ ဒါပေမယ့် ကျွန်တော်တကယ်တွေ့ကြုံခဲ့ရတာပါ။

Continue reading “လွန်လေပြီးသော ချစ်သူ အပိုင်း (၁)”