ဗီယက်နာမ်မြောက်ပိုင်းကိုသွားလည်ရင် ဘာတွေတွေ့ရမလဲ အပိုင်း (၂)

Halong Bay ထဲက စိတ်လှုပ်ရှားစရာများ

ကျွန်တော်တို့သင်္ဘောလေးဟာ ဟလောင်းဆိပ် ကမ်းကနေ Bay ထဲကိုတိုးဝင်လာပါတယ်။ ထုံးစံအတိုင်း ကျောက်တောင်မိုးမျှော်ကျွန်းတွေဟာ ဟိုတစ်စုဒီတစ်စုနဲ့ မှိုစိုက်ခင်းတွေလိုပေါ့။ အားလုံးက ကိုယ့်အခန်းထဲမှာအနားမယူဖြစ်ကြဘူး။ သင်္ဘောဦးပိုင်းထိုင်ကြည့်သူကြည့် အပေါ်ဆုံးထပ်ကိုတက် ပြီးပင်လယ်လေညှင်းခံသူခံနဲ့လေ။ ရာသီဥတုက အရင်နေ့တွေလိုမဟုတ်တော့ဘူး။ အရမ်းကိုသာယာသွားပြီ။ နေရောင်ခြည်ကောင်းကောင်းထွက် လာပေမယ့် ၂၀ ဒီဂရီရာသီဥတုမို့ မပူဘူး။ နေမင်းကိုတိမ်ကွယ်တဲ့အခိုက်တွေလည်းများတာမို့ သင်္ဘောအပေါ်ဆုံးထပ်က လေဟာပြင်လေးမှာ အေးဆေးနေလို့ရပါတယ်။
ကျွန်တော်တို့သင်္ဘောလိုပဲ Bay ထဲမှာသွားလာလှည့်ပတ်နေတဲ့သင်္ဘောပေါင်း ၅၀၀ ကျော်လောက်ရှိတယ်တဲ့။ အဲဒီ ၅၀၀ မှာ ၃၀၀ လောက်က နေ့ချင်းပြန်ကမ်းကပ်ပြီး ကျန်တဲ့ ၂၀၀ လောက်က ပင်လယ် ထဲမှာပဲညအိပ်တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ ပင်လယ်ကကျယ်လွန်းအားကြီးတော့ ကိုယ်တွေသင်္ဘောတစ်စင်းပဲ ပင်လယ်ကြီးထဲရှိသလားအောက် မေ့ရအောင်တိတ်ဆိတ်ငြိမ်သက်လွန်းပါတယ်။

Continue reading “ဗီယက်နာမ်မြောက်ပိုင်းကိုသွားလည်ရင် ဘာတွေတွေ့ရမလဲ အပိုင်း (၂)”