မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၉)

(၉)

“ငါတို့တွေက အမျိုးမှမဟုတ်ကြတာ ဝေယံရယ်။ သွေးမတော် သားမစပ် လူတစ်ယောက်ကို ပုံမှန်ထက် သံယောဇဉ်ဖြစ်မိနေတာ သမာရိုးကျမဟုတ်လို့ပေါ့”

ဝေယံက သူဇာတို့ထက် ရာထူးမြင့်၊ ပညာတတ်တာမို့ တိုင်ပင်ဖြစ်သည်။ သူငယ်ချင်းအရင်း လိုလည်းဖြစ်နေသည်မို့ ယုံကြည်တာလည်းပါသည်။

“နိုင်ငံခြားသွားမယ့်ကိစ္စကို ညချမ်းမောင် ဘာပြောလဲ”

“သူ့ကို သေချာမပြောပြဖြစ်သေးပါဘူးဟယ်” Continue reading “မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၉)”

မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၈)

(၈)

လူတစ်ယောက်ကို ချစ်ဖို့အတွက် တွေဝေမှု၊ စဉ်းစားမှုတွေနဲ့ အခိုင်အမာ မဆုံးဖြတ်နိုင်ဘဲရှိရာမှ ဝေငြိမ်းရဲ့ အပြောတွေကြောင့် ပိုပြီးတွေဝေသွားမိလေသည်။ သူဇာ သူ့ကိုချစ်ပါသည်။ မြင်မြင်ချင်းကို စချစ်ခဲ့တာပါ။ ဒါပေမယ့် စဉ်းစားမှုတွေ ရောက်ရောက်လာတာကြောင့် ချက်ချင်းကြီး အဖြေမပေးနိုုင်ဘဲ ရှိလေ၏။

“ကောင်မလေးက မဆိုးဘူးဟဲ့..။ လှတယ်”

သူဇာတို့က မိသားစုများသည်။ စည်းစည်းလုံးလုံးနဲ့ တက်ညီလက်ညီအလုပ်လုပ်ကြတာမို့ စီးပွားရေးက အရမ်းအကြပ်ကြီးမဟုတ်။ ဒါပေမဲ့ သူမ ရန်ကုန်တက်လာသည်။ “ယော” မှာနေလို့ ဘာ မှထူးလာမှာမဟုတ်။ ရန်ကုန်မှာတော့ မျက်စိပွင့် နားပွင့်မဟုတ်လား။ Continue reading “မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၈)”

မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၇)

(၇)

မိုးခြိမ်းသံကြီးတစ်ချက်ကြောင့် ကျွန်တော် လန့်သွားသည်။ ဒီမိုးနဲ့တော့ ညဘက်အိပ်ပျော်နေရင် တောင် ခဏခဏလန့်နိုးတော့မှာပဲ။

“ဟော”

အဲ့ဒီ မိုးခြိမ်းသံကြောင့် ထင်သည်။ အိပ်ပျော်နေသော ဝေငြိမ်းထက်လည်း လန့်နိုးလာသည်။

“မိုးခြိမ်းလို့ လန့်နိုးတာလား” Continue reading “မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၇)”

မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၆)

(၆)

ရုတ်တရက်မြင်လိုက်ရသောမြင်ကွင်းကြောင့် ဝေငြိမ်းမျက်လုံးပြူးသွားမိသည်။ ဘုရား ဘုရား။ ညချမ်းနဲ့ကောင်မလေးတစ်ယောက်။ ဝတ်ထားစားထားကြတာ လန်ပျံထွက်နေတာပဲ။

ဒီနေ့တနင်္ဂနွေပိတ်ရက်မို့ ထောက်ကြန့်စျေးမှာစျေးလာဝယ်ရင်း တွေ့တာဖြစ်သည်။ ပိတ်ရက်မှာ အချိန်ယူပြီး ငါးပိကြော်၊ ငါးခြောက်ကြော်လေးတွေလုပ်ထားတော့ အလုပ်ဆင်းတဲ့အချိန်သက်သာ သည်။ ပြီးတော့ သူ့အတွက်ကြက်ပေါင်လေးတစ်ချောင်းလောက် ဝယ်ကြော်ပေးချင်လို့ စျေးကိုထွက် လာခဲ့တာဖြစ်သည်။

“ယုံတောင်မယုံနိုင်ဘူး”

တစ်ကိုယ်တည်းရေရွတ်မိသည်။ Continue reading “မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၆)”

မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၅)

(၅)

တစ်ခုခုတော့မှားနေပြီဆိုတာ ဝေငြိမ်းရိပ်မိလိုက်ပါသည်။ ညီမလေးကျောင်းကပြန်လာပြီး ခင်သူ ဇာ့ရက္ကန်းစင်နားမှာ စကားသွားပြောတာအတော်ကြာနေပြီ။ ပုံမှန်ပြောနေကျပုံစံမဟုတ်။ အရင်ဆိုသဲတွေ ကိုယ်တွေနဲ့ တစ်ယောက်ကိုတစ်ယောက် ကျီစားလို့။ အခုတော့ တိုးတိုးတိုးတိုးနဲ့ တစ်ယောက်တစ်ခွန်း စကားများနေပုံရသည်။ ဝေငြိမ်းရက်ဖောက်သွားယူပြီး ပြန်လာတာတောင်မပြီးကြသေး။ ရက်ဖောက် စက်က ပျက်နေတာနဲ့စောင့်ယူရတာ ဆယ့်ငါးမိနစ်လောက်တောင်ကြာသည်။

ညီမလေးကျောင်းကပြန်လာပြီး သူဇာ့အနားစကားလာပြောတာကို “လှပသော ညနေခင်း” ဆို ပြီး သူဇာကနာမည်ပေးဖူးသည်။ Continue reading “မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၅)”