ရင်နှင့်အမျှ အပိုင်း (၃၀)

(၃၀)

“ချီးယားစ်”
ငွေဆောင်ည အရမ်းကိုသာယာလှပါသည်။ ပင်လယ်စာအစုံကို အခုလို မျက်စိ ရှေ့မှာ စုံစုံလင်လင်ချပြီး စားသောက်ရတာ ဘယ်လောက်များ အရသာရှိလိုက်ပါ သလဲ။
မိန်းကလေးတွေကတော့ ညစာစားပြီးတာနဲ့ တစ်ခါတည်းအိပ်ရာဝင်နှင့်ကြသည်။ ဒီနေ့ တစ်နေ့လုံး မနားကြရသေး။ ရေထဲမှာ ကစားလိုက်၊ လှည်းစီးလိုက်၊ မြင်းစီးလိုက်နဲ့ ပင်ပန်းကုန်ကြမှာပေါ့။ Continue reading “ရင်နှင့်အမျှ အပိုင်း (၃၀)”

ရင်နှင့်အမျှ အပိုင်း (၂၉)

(၂၉)

တကယ်တမ်းသွားဖြစ်ဖို့ တစ်ပတ်ကျော်လောက်စီစဉ်ရပါသည်။ ကျွန်တော်တို့ရဲ့ ကမ်းခြေခရီးက ထင်ထားတာထက် တောင်စည်ကားနေ၏။ နယူးဒေလီတုန်းက သူငယ် ချင်းတွေ အပြင် တခြားသူငယ်ချင်းတွေ လည်းပါသည်။ အားလုံး ပေါင်းခုနစ်ယောက်။
ရာသီဥတု အခြေအနေကို စောင့်ရတာကြောင့်လည်း အဲဒီလောက် ကြာသွားတာ ဖြစ်သည်။ ကျွန်တော်တို့သွားမယ် ဆိုတော့ တစ်ရက်နှစ်ရက်အတွင်း မိုးကလည်းကောင်း နေသည်။ တကယ် ရောက်တဲ့အချိန်မှာတော့ ထင်ထား သလောက်မိုးမရွာတော့ပါ။ Continue reading “ရင်နှင့်အမျှ အပိုင်း (၂၉)”

ရင်နှင့်အမျှ အပိုင်း (၂၈)

(၂၈)

ရက်ပိုင်းအတွင်း နာရေးဖြစ်သွားတာကိုတောင် လျစ်လျူရှုထားပြီး သူငယ်ချင်း အနာ ဂတ်အတွက် စီစဉ်ဆောင်ရွက်နေသည့် မေမြသွယ်ရဲ့ သူငယ်ချင်းကိုတော့ ကျွန်တော် မအံ့သြဘဲမနေနိုင်ပါ။ ကောင်းမြတ်နဲ့ မေမြသွယ်တို့ လက်ထပ်ဖို့ ရည်ရွယ်ထားပြီး မေမြ သွယ်ရဲ့အနာဂတ်ကို ကောင်းမြတ်ရဲ့ လက်ထဲသို့ပုံအပ်မည်ပေါ့။ ဒါပေမယ့် အခုတော့… မေမြသွယ်ရဲ့ မျှော်လင့်ချက်… ဆုံးပြီပေါ့။ Continue reading “ရင်နှင့်အမျှ အပိုင်း (၂၈)”

ရင်နှင့်အမျှ အပိုင်း (၂၇)

(၂၇)

ချစ်သော Hoa
အွန်လိုင်းနဲ့ ဝေးတဲ့တစ်နေရာကို ရောက်သွားတဲ့အတွက် ကိုယ်မင်းဆီကို စာမပြန် ဖြစ်တာပါ။ ရုတ်တရက်ကြီး သွားလိုက်ရတဲ့အတွက်ကြောင့် ကြိုမပြောဖြစ်တာ တောင်းပန် ပါတယ်။
အရမ်းသတိရတယ် Hoa ။ ရင်နှင့်အမျှပါပဲ။ ကိုယ်ဟိုချီမင်း စီးတီးကိုလာဖို့ အချိန်အ များကြီးလိုသေးတယ်နော်။ တွေ့ချင်လှပြီ။ ဒါပေမယ့် တစ်ဖက်ကလည်း ကိုယ့်မှာ ပိုက်ဆံ အခက်အခဲ ကြီးကြီးမားမားဖြစ်နေတယ်။ တွေ့ခွင့်ရမယ့် နေ့ဆိုရင်တော့ ဘယ်လိုအခြေအ နေပဲရောက်ရောက် မရမကပိုက်ဆံရှာပြီး မင်းဆီကို အရောက်လာမယ် Hoa။ အရမ်း ချစ်တယ်။ Continue reading “ရင်နှင့်အမျှ အပိုင်း (၂၇)”

ရင်နှင့်အမျှ အပိုင်း (၂၆)

(၂၆)

”မင်းရဲ့ တစ်ဖက်သတ် ဆုံးဖြတ်ချက်နဲ့ ဒီအဖြစ်အပျက်ကို အဆုံးသတ်လို့မရဘူး သော်မင်းနောင်၊ ငါတို့ ဖက်ကလည်း မင်းကိုဘယ်လိုမှ ကျေနပ်မှာမဟုတ်ဘူး”
ထင်ထားသလိုပါပဲ။
ကောင်းမြတ် ကျွန်တော့်ကိုလာတွေ့သည်။ ပြီးတော့ စကားလုံးတွေနဲ့ နှိပ်စက် မည်ပေါ့။ ခင်ဗျားတွေ၊ ကျွန်တော်တွေ နဲ့တောင်မပြောတော့ပါ။ မင်းနဲ့ ငါနဲ့။ Continue reading “ရင်နှင့်အမျှ အပိုင်း (၂၆)”