ရင်နှင့်အမျှ အပိုင်း (၂၅)

(၂၅)

ကျွန်တော်နဲ့ မေမြသွယ်တို့ရဲ့ ဆက်ဆံရေးဟာ ကောင်းမွန်တဲ့ဖက်ကို ရောက်မလာ ဘဲ အခြေအနေက တင်းမာသည်ထက် တင်းမာလာခဲ့လေသည်။ ကျွန်တော် ဆေးရုံကို တာဝန်တစ်ခုအရ သွားရောက်ခြင်းသာဖြစ်ပြီး သူမကလည်း အဲဒီတာဝန်ကို အသိအမှတ် မပြုခဲ့ပါ။ ဒါတင်မကဘဲ ကျွန်တော့်အပေါ် အငြိုးထားသည်ထက် ထားလာလေသည်။ Continue reading “ရင်နှင့်အမျှ အပိုင်း (၂၅)”

ရင်နှင့်အမျှ အပိုင်း (၂၄)

(၂၄)
“ဆရာမ သူ့အခြေအနေက ဘယ်လိုရှိသလဲခင်ဗျ”
စာအုပ်တစ်အုပ်ကို ကိုင်ဖတ်လျက်် ကျွန်တော့်ကို အရေးတယူမရှိလှသော သူမကို ကျွန်တော်လည်း ဂရုမစိုက်သေးပါ။ ခေါင်းအုံးမှီထိုင််ခြေဆင်းလျက် အေးအေးလူလူရှိနေ သော မေမြသွယ်ရဲ့ဘေးကစားပွဲခုံပေါ်မှာ စားစရာ၊ သောက်စရာအပြည့်။ စပယ်ရှယ်နာ့စ် ကလည်း ရှိသေးသည်။ Continue reading “ရင်နှင့်အမျှ အပိုင်း (၂၄)”

ရင်နှင့်အမျှ အပိုင်း (၂၃)

(၂၃)

ကျွန်တော့်ကားနဲ့ ဝင်တိုက်မိသူမှာ “မေမြသွယ်” မှန်းသိလိုက်ချိန်မှာတော့ သူမရဲ့ အငြိုးအတေးကြီးမားမှု တဇောက်ကန်းဆန်မှုတွေကိုအံ့သြမှင်တက်ခဲ့မိလေသည်။
သူမ ကျွန်တော့်ကားမှန်းသိပြီးတမင်ဖြတ်ပြေးတာ။ Continue reading “ရင်နှင့်အမျှ အပိုင်း (၂၃)”

ရင်နှင့်အမျှ အပိုင်း (၂၂)

(၂၂)

အဲဒါဟာ သမားရိုးကျပြဿနာတစ်ခုကြုံတွေ့နေကျ အကြောင်းအရာတစ်ခုဆိုပေ မယ့် ခါတိုင်းလို ငြိမ်သက်အေးချမ်းမသွားဘဲ ကျွန်တော့်ဘဝကို အပြောင်းအလဲကြီးတစ်ခု အသွင်ပြောင်းဖို့ အစပြုခဲ့ခြင်းဖြစ်ပါသည်။ Continue reading “ရင်နှင့်အမျှ အပိုင်း (၂၂)”

ရင်နှင့်အမျှ အပိုင်း (၂၁)

(၂၁)

Hoa နဲ့ ကျွန်တော် ချစ်သူနှစ်ဦးကြားမှာ ပြဿနာဆိုလို့မြူတစ်မှုန်မျှပင်မရှိခဲ့ပါ။ စိတ်ဆိုး၊ စိတ်ကောက်တာလည်းမရှိ၊ ပယောဂတစ်စုံတစ်ရာလည်းမရှိ။ တခြားချစ်သူရည်း စားတွေထက် အဆပေါင်းများစွာအဆင်ပြေ ဖြောင့်ဖြူးလေသည်။ Continue reading “ရင်နှင့်အမျှ အပိုင်း (၂၁)”