ရင်နှင့်အမျှ အပိုင်း (၂၀)

(၂၀)

စိတ်လှုပ်ရှားရင်ခုန်မှုတွေနဲ့ လာရောက်ခဲ့တာဆိုပေမယ့် TG ၏အပြန်ခရီးသည် ငြိမ် သက်တိတ်ဆိတ်လို့နေလေ၏။
ညတုန်းကတစ်ညလုံးနီးပါးမအိပ်ဖြစ်ခဲ့ကြ။ စကားတွေပြောကြသည်။ G mail အကောင့်၊ Hot mail အကောင့်၊ Facebook အကောင့်တွေလဲကြသည်။ ဖုန်းနံပါတ်တွေ ပေးကြသည်။
မနေ့က သင်တန်းဆင်းပွဲ။ Continue reading “ရင်နှင့်အမျှ အပိုင်း (၂၀)”

ရင်နှင့်အမျှ အပိုင်း (၁၉)

(၁၉)

သင်တန်းကာလပြီးဆုံးဖို့ နီးသည်ထက်နီးလာပြီဖြစ်သလို ကျွန်တော်တို့နှစ်ယောက် သံယောဇဉ်ကလည်း ခိုင်မြဲသည်ထက်ခိုင်မြဲလာသည်။
ထို့အတူ စာတမ်းငယ်ပြုစုထားကြတာကို အပြီးသတ်ဖို့လည်းဆောင်ရွက်ကြရလေ သည်။ သတင်းရေးသားနည်းများ ခေါင်းစဉ်ဖြင့် သင်တန်းသား ၂၄ ဦးစလုံးတင်သွင်းသော စာတမ်း ၂၄ စောင်လုံးကို IIMC က မှတ်တမ်းထားရှိမှာဖြစ်သည်။ Continue reading “ရင်နှင့်အမျှ အပိုင်း (၁၉)”

ရင်နှင့်အမျှ အပိုင်း (၁၈)

(၁၈)

“အိန္ဒိယ ရုပ်ရှင်ကို နှစ်သက်သူ ဘယ်နှစ်ယောက်ရှိသလဲ”
ပရော်ဖက််ဆာကြီးရဲ့ အမေးကို ဖြေဖို့လက်ထောင်လိုက်သူမှာ တစ်တန်းလုံးမှာ ကျွန်တော်တစ်ယောက်တည်းရှိပါသည်။ အိန္ဒိယရုပ်ရှင်အကြောင်း တစ်စေ့တစ်စောင်း လေ့လာဖို့အတွက် ကျွမ်းကျင်ပညာရှင်တစ်ဦးလည်း ပရော်ဖက်ဆာကြီး အနားမှာရှိနေလေ သည်။
“အိုး… အများကြီးပါလား” Continue reading “ရင်နှင့်အမျှ အပိုင်း (၁၈)”

ရင်နှင့်အမျှ အပိုင်း (၁၇)

(၁၇)

ကိုယ်နဲ့ဘာသာစကားချင်းမတူ၊ နေတဲ့နိုင်ငံချင်းမတူတဲ့ အမျိုးသမီးငယ်ကလေးနဲ့ ချစ်သူဖြစ်ဖို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပါ။ ကျွန်တော့်နည်းတူ သူမကလည်း စိတ်ကူးဖူး လိမ့်မည်မဟုတ်။ သို့သော်လည်း ကျွန်တော် Hoa ကို တကယ်ပင် မြတ်နိုးလှပါသည်။
“ခဏတွေ့ပြီးရင် ခွဲခွာကြရမှာပဲ။ ရန်ကုန်ပြန်ရောက်တော့လည်း မေ့သွားမှာပေါ့”
စံပယ်တို့ သူဇာတို့က အဲဒီလိုမှတ်ချက်ပေးသည်။ ဟင့်အင်း။ မဟုတ်ပါ။ Continue reading “ရင်နှင့်အမျှ အပိုင်း (၁၇)”

ရင်နှင့်အမျှ အပိုင်း (၁၆)

(၁၆)
စာအမှတ်(၉)
ဟန်နီ
ဒီစာနဲ့ပဲ နှုတ်ဆက်ခဲ့ပါတယ်။ ကိုယ်ဘယ်သူလဲဆိုတာကို မင်းသိဖို့ထက် ကိုယ်ပို့တဲ့ စာတွေဟာ မင်းအတွက် မြူမှုန်တစ်မှုန်လောက်ဖြစ်ဖြစ် အသုံးဝင်တယ်ဆိုတာနဲ့တင် ကိုယ် ကျေနပ်ပါတယ်။ သေချာတာကတော့ ကိုယ်မင်းကို သံယောဇဉ်တွေပိုနေမိပြီ။ ဟုတ်တယ် ဟန်နီ။ စာအမှတ်(၁) ပေးတုန်းကထက် အဆပေါင်းများစွာကွာခြားနေခဲ့ပြီ ဟန်နီ။ ဒါပေမဲ့ ကိုယ်ဘာဆက်လုပ်ရမလဲ မသိခင်မှာပဲ အဆုံးသတ်လိုက်တာကောင်းပါတယ်ကွာ။ Good Luck။ Continue reading “ရင်နှင့်အမျှ အပိုင်း (၁၆)”