(၅)
ငုယင်သိဟွာ (Nguyen Thi Hoa) သည် အခန်းထဲရောက်ရောက်ချင်း ကျောပိုးအိတ်ကိုပစ်ချ၊ ဖိနပ်၊ မျက်မှန်ကိုချွတ်ကာ ကုတင်ပေါ်ဒိုင်ဗင် ထိုးချလိုက်လေသည်။
“ဟူး မောလိုက်တာ”
ပူလိုက်တဲ့ ရာသီဥတု။ ၄၄ ဒီဂရီစင်တီဂရိတ်တဲ့။ ဟိုချီမင်းမြို့မှာ ဒီလောက် မပူအိုက် ဖူးပါဘူး။
”တီ တီ”
အခန်းတံခါးဘဲလ်သံကြောင့် အခန်းဖော် သူငယ်ချင်း ကျွမ် (Quynh) ကတံခါးထဖွင့်သည်။
“Hoa ရေ၊ မင်း အတွက်စာပါတယ်”
“ဟင်၊ ဘယ်ကလဲ ငါဒီရောက်တာ ရက်ပိုင်းပဲရှိသေးတာ။ စာတွေဘာတွေရောက်ဖို့ မဖြစ်နိုင်ဘူး ထင်တယ်” Continue reading “ရင်နှင့် အမျှ အပိုင်း (၅)”