“မြူခိုးရယ်…..ဝေ” အပိုင်း (၂၅)

(၂၅)

ဂျက်စီကာနှင့်အတူ အလုပ်ပြန်လာသည့်တစ်နေ့တွင်တော့ ကျွန်တော့်စိတ်ထဲကမထင်မရှားအရာ တစ်ခုထင် ထင်ရှားရှားဖြစ်အောင်တွန်းပို့စေသည့် မျက်မြင်သက်သေတစ်ခုတွေ့ရှိခဲ့လေသည်။ ငြိမ်း အကြောင်း တစ်ခုခုဖြစ်လို့ ဂျက်စီကာကဖျောင်းဖျနှစ်သိမ့်ပေးတိုင်းမှာ ကျွန်တော်အသားကျခဲ့သလို နှစ်ရက်သုံး ရက်လောက်တော့ အိပ်မက်ဆိုးမမက်တော့ပါ။ ဂျက်စီကာဟာ ငြိမ်းနေရာကိုတစ်သွေ မသိမ်းအစားထိုး ပေးသည့်ချစ်သူတစ်ယောက်ဖြစ်သလို ကျွန်တော်လိုချင်လွန်းသောအကြင်နာကို ဗုံးဗလ အောပေးနိုင်သည့်သူတစ် ယောက်လည်းဖြစ်ခဲ့၏။ ဒါတင်ဘယ်ကဦးမလဲ။ ကျွန်တော့်ခြောက်ခြားမှုများ ကိုပကတိပြေပျောက်စေ နိုင်သည့် မေတ္တာရေစင်တစ်ခွက်ဆိုရင်လည်းမမှားပါ။ အဲဒီတော့ သူ့ကိုကျွ န်တော် သမားရိုးကျအခြေအ နေထက်ချစ်မိတာမဆန်းတော့။ Continue reading ““မြူခိုးရယ်…..ဝေ” အပိုင်း (၂၅)”

“မြူခိုးရယ်…..ဝေ” အပိုင်း (၂၄)

(၂၄)

အင်ဒိုနီးရှားရဲ့အမှတ်အသားက ဂါရူဒါ ငှက်တဲ့။ ဂျာကာတာသည် ရန်ကုန်နှင့်ထူးမခြားနားပါပဲ။ လေထု ညစ်ညမ်းလှသည်။ နေ့စဉ်နေ့တိုင်း ယာဉ်ကြောပိတ်ဆို့မှုတွေနနှင့်ကြုံရသည်။ ဒီထက်ဆိုးတာက မြို့တစ်ခုလုံး ရေ အောက်ကိုရောက်တော့မည့်ပြသနာရှိနေသည့်အဖြစ်ပါပဲ။ ဂျာကာတာမြို့တွင်းကိုစီးဝင် သည့်မြစ်ပေါင်း ၁၀ စင်း ကျော်ကျော်ရှိနေပြီး တစ်နှစ်ပတ်လုံးနီးပါးမိုးရွာတော့ မြို့တစ်ခုလုံးရေ အောက်ကိုရောက်သွားတော့မည့်ပြသနာကြီးထွားလာတာမဆန်းပါဘူး။ ဒါကိုကာကွယ်ဖို့ အမျိုးမျိုးကြိုး စားနေကြတာသတင်းများတွင် ဖတ်ရသည်။ Continue reading ““မြူခိုးရယ်…..ဝေ” အပိုင်း (၂၄)”

“မြူခိုးရယ်…..ဝေ” အပိုင်း (၂၃)

(၂၃)

“ကြည်သာ အခြေအနေတွေဘာထူးသေးလဲ၊ ငါဒီမှာအခြေကျနေပြီ၊ အချိန်တိုလေးတစ်ခုအတွင်းမှာ အဲဒီလောက်ထိနေသားကျသွားလိမ့်မယ်လို့ငါ့ကိုယ်ငါမထင်ထားခဲ့ဘူး၊ အခုတော့ ဂျာကာတာဟာ ငါ့ အိမ်လိုဖြစ်နေပြီသူငယ်ချင်း၊ ဖြစ်နိုင်ရင်ပြန်တောင်မလာချင်တော့ဘူး” Continue reading ““မြူခိုးရယ်…..ဝေ” အပိုင်း (၂၃)”

“မြူခိုးရယ်…..ဝေ” အပိုင်း (၂၂)

(၂၂)

အလုပ်ကအပြန်တစ်ရက်တွင်တော့ သူ့ဆီကအခန်းသော့ငှားလာခဲ့သည်။ ကျွန်တော်နှင့်အတူတူ သူ အိမ်မပြန်နိုင်သောရက်မို့ အခွင့်သာသည့်အခိုက်အတန့်လို့ဆိုရမည်။ ဌာနစုံအစည်းအဝေးတစ်ခုလုပ်မှာမို့ ကျွန်တော်တို့ဌာနကိုယ်စား ဂျက်စီကာကနေခဲ့ခြင်းပင်။ အခန်းထဲကိုထိခိုက်နစ်နာအောင်ဘာမှလုပ်မှာ မဟုတ်ကြောင်း၊ မယုံရင်ပြန်ရောက်တဲ့အချိန်ပစ္စည်းပစ္စယတွေကိုစစ်ဆေးနိုင်ကြောင်း သေချာရှင်းပြ တော့ သူက ဒီလောက်ထိပြောစရာမလိုပါဘူးဆိုပြီးစိတ်ကောက်သေးသည်။ Continue reading ““မြူခိုးရယ်…..ဝေ” အပိုင်း (၂၂)”

“မြူခိုးရယ်…..ဝေ” အပိုင်း (၂၁)

(၂၁)

ဂျက်စီကာတို့အိမ်သည် မခမ်းနားလှသော်လည်း သေသပ်သာယာလှပါသည်။ အိမ်သားတွေက ရှေးရိုး ဆန်မည်ဟုထင်ထားသော်လည်း ကျွန်တော့်အထင်နှင့်အမြင် တက်တက်စင်အောင်လွဲမှားခဲ့ လေသည်။ ကျွန်တော်သိရသလောက်က ဘာလီနားတစ် ၀ိုက်တွင် ယဉ်ကျေးမှုထိန်းသိမ်းသည့်ဓလေ့ ရိုးရာအစဉ် အလာများကိုတန်ဖိုးထားတတ်သည့် ဓလေ့ကိုဦး စားပေးတတ်ကြသည်။ ဒေသခံလူများ၏ ဆက်ဆံရေး လည်း အဲဒီလိုရှေးရိုးဆန်ခဲ့မည်ဟု ထင်ထားခဲ့လေသည်။ Continue reading ““မြူခိုးရယ်…..ဝေ” အပိုင်း (၂၁)”