မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၂၉)

(၂၉)

အဲဒီညက ရက္ကန်းရုံထဲကလူတော်တော်များများ တီဗီရှေ့ရောက်နေခဲ့ပါသည်။ ထူးထူးဆန်းဆန်း ညချမ်းမောင်လည်းရှိနေခဲ့၏။ မိုးမြင့်ထက်အပါအဝင်အားလုံးက ဇာတ်လမ်းကိုစိတ်ဝင်တစားကြည့်နေ တဲ့အချိန်မှာပဲ ဝေငြိမ်း ညချမ်းကိုအသာလေးလက်ကုတ်ကာ ခေါ်ထုတ်လာခဲ့သည်။

“ပြောစရာရှိလို့”

လို့ဆိုတော့ အသာတကြည်ပင်လိုက်လာခဲ့၏။ Continue reading “မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၂၉)”

မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၂၈)

(၂၈)

ညချမ်းနဲ့ ခဏခဏ စကားများတာမျိုးကို ဝေငြိမ်းလည်းအဖြစ်မခံချင်ပါ။ ဒါပေမဲ့ အခုနောက် ပိုင်းမှာတော့ ညီမလေးနဲ့ပတ်သက်လို့ သူနဲ့ပြဿနာဖြစ်ဖို့ အကြောင်းဖန်လာတာက များနေသည်။

လူတစ်ယောက်နဲ့တစ်ယောက် ပြဿနာဖြစ်လာရင် အမုန်းတရားတွေပဲ ပွားလာမှာမို့ အဲဒီ အဖြစ်ကို ရင်မဆိုင်ချင်တော့တာ အမှန်။ ဒါပေမယ့် တွေ့ကြုံလာရသည်။ ရင်ဆိုင်လာရသည်။ အဆိုးဆုံး ကတော့ ဝေငြိမ်းတို့မောင်နှမနှစ်ယောက်ရဲ့ဘဝကို ထိခိုက်ပြီးရင်း ထိခိုက်လာတာပင်။ သူနဲ့အကြီးမား ဆုံးသော ပြဿနာဖြစ်ပွားဖို့အကြောင်းဖန်လာတာလည်း အဲ့ဒီအဖြစ်အပျက်ကနေ စတင်ခဲ့တာဖြစ် သည်။ သူတို့နှစ်ယောက်စကားပြောတာကို ဝေငြိမ်းမကြားခဲ့ရင် အကောင်းသား။ ဒါပေမဲ့…။

“အဲ့ဒါဆို ဘယ်လိုလုပ်ကြမလဲ” Continue reading “မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၂၈)”

မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၂၇)

(၂၇)

“အခင်းဖြစ်တဲ့နေ့က လွန်းနဲ့ကတ်ကြေးကို ခင်ဗျားရဲ့ ရက္ကန်းစင်ပေါ်မှာ ထားခဲ့တယ် မဟုတ် လား”

“ထားခဲ့တာမဟုတ်ပါဘူး။ မေ့ကျန်ခဲ့တာပါ”

ရှေ့နေနဲ့ပဲ တိုင်ပင်ထားတာလား။ ဖြေဆိုမှု ကျွမ်းကျင်တာလားတော့ မသိ။ အဲဒီအဖြေကို ကျွန်တော် ချီးကျူးမိလိုက်သည်။ မျက်စိဖုံးတဲ့အထိ ရှည်နေသော ဆံပင်တွေကို သပ်တင်လျှက် တရားလို ရှေ့နေ၏ မေးခွန်းများကို အသင့်အနေအထားဖြင့် ဖြေဆိုနေသည့် ဝေငြိမ်းထက်။ Continue reading “မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၂၇)”

မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၂၆)

(၂၆)

“ညီမလေးနဲ့ နင့်ရဲ့အခြေအနေက ဘယ်အထိရောက်နေပြီလဲ”

ညီမရင်းရဲ့အခြေအနေကြောင့် ဖြစ်ပေါ်လာတဲ့အပူက ညချမ်းမောင်နဲ့ ထပ်တိုက်ရင်ဆိုင်ဖို့အထိ တွန်းအားဖြစ်လာခဲ့သည်။ ဝေငြိမ်း သူ့ကို အပြတ်ပြောဖို့ စဉ်းစားထား၏။ Continue reading “မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၂၆)”

မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၂၅)

(၂၅)

ညီမလေးရဲ့ အမူအရာတွေ ပုံမှန်မဟုတ်ဘူးဆိုတာ ဝေငြိမ်း သံသယဖြစ်မိရာမှ အဲ့ဒီနားကပ် ပျောက်တဲ့ကိစ္စကို စတင်သတိထားမိတာဖြစ်သည်။ ညချမ်းမောင်အပေါ် စေတနာထားတာ၊ သံယောဇဉ် ပိုတာတွေကို မပြောလိုပေမယ့် လူတစ်ယောက်လုံး ဖြူကာကျရမယ့် အကူအညီအပေးအကမ်းအထိ ရက်ရောလာတာတော့ တစ်ဆိတ်လွန်လာပြီထင်၏။

“နင့် နားကပ်ရော…”

ညီမလေးရဲ့ သေတ္တာကိုဖွင့်ရှာကြည့်တာနဲ့ တန်းသိလိုက်ရတာပါပဲ။ မိုးမြင့်ထက် အမူအရာတစ် မျိုးဖြစ်နေတယ်လို့ သံသယဝင်လာရင် မောင်နှမနှစ်ယောက်မှာရှိတဲ့ အဖိုးတန်ပစ္စည်း၊ ရှာဖွေစုဆောင်း ထားတဲ့ ဥစ္စာတွေကို တစ်ခုချင်းလိုက် စစ်ပေတော့။ ဖျောင်ထားတာ သေချာပြီလေ။ Continue reading “မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၂၅)”