(၂၄)
ညချမ်းမောင်နဲ့ ဆွေမျိုးနီးစပ်တော်တဲ့သူ ဦးလေးကြီးတစ်ယောက်ရောက်လာပြီး ရက္ကန်းရုုံက လူ တွေ ပြောစကားနားထောင်၊ စဉ်းစားပြီး တရားလိုပြုလုပ်ကာ စတင်တရားစွဲတော့သည်။ ညချမ်းမှာ ဆွေမျိုးမရှိဘူး။ တစ်ကောင်ကြွက်လို့ပဲ ထင်ထားကြတာ။ ဦးလေးကြီးက တစ်ဦးတည်းသော ဆွေမျိုးလို့ ကျွန်တော့်ကို တချို့က ပြောပြပါသည်။
စွဲတဲ့ပုဒ်မက (၃၀၇) တဲ့လေ။ ရက္ကန်းရုံကထွက်ခွါခဲ့ပြီမို့ သူတို့ရဲ့အမှုအခြေအနေ၊ နှစ်ဖက်အဖြစ် အပျက်အစုံကို ကျွန်တော်မသိပါ။ ဒီအဖြစ်အပျက်မှာ ဘေးကနေကြည့်ရတဲ့လူတစ်ယောက်သာ ဖြစ်ခဲ့ သည်။ ဝေငြိမ်းထက်အပေါ် သနားတဲ့စိတ်နဲ့ ကျွန်တော်အတတ်န်ိုင်ဆုံးအလုပ်တစ်ခု လုပ်ခဲ့ပါသည်။ အ ဆက်အသွယ်တချို့ရှာကြံပြီး အကောင်းဆုံးခုခံချေပနိုင်မယ့် ရှေ့နေကို လုပ်နိုင်သလောက်ရှာဖွေပေးခဲ့ ပါသည်။ Continue reading “မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၂၄)”