“မြူခိုးရယ်…ဝေ” အပိုင်း (၉)

(၉)

သူ့ချစ်သူကို ကျွန်တော်ကကြိုက်နေသည်မို့ သူ့ကိုတော့နည်းနည်းရှိန်မိတာတော့အမှန်။ ဒါပေမဲ့ ကြောက် စိတ်တော့လုံးဝမရှိပါ။ ဒီကောင့်ကိုဆွဲထိုးပစ်ချင်နေသည်မှာလည်းအမှန်ပါပဲ။

“ပြောပါဦး မင်း အဲဒီဆိုင်ရောက်နေရတဲ့အကြောင်းအရင်း”

ကျွန်တော့်ကို အဲဒီလိုအကြောကြီးနှင့်စစ်လားဆေးလားမေးနေတော့ ဘယ်သည်းခံချင်ပါ့မလဲ။ မင်း ဘာ ကောင်လဲ ငါဘာကောင်လဲဆိုပြီးဆွဲထိုးပစ်ဖို့ကလည်းအဆင်မပြေလောက်ဘူးဟုထင်မိသည်။ ဒီတော့ သူ့မေးခွန်းကိုမဖြေဘဲ ပခုံးတွန့်ပြလိုက်၏။ ငြိမ်းနှင့်မပတ်သက်ခဲ့လျှင်တော့ ကျွန်တော့အပြုအမူများ သည်ထိုကဲ့သို့အေးစက်နေလိမ့်မည်တော့မဟုတ်ပါ။ Continue reading ““မြူခိုးရယ်…ဝေ” အပိုင်း (၉)”

“မြူခိုးရယ်…ဝေ” အပိုင်း (၈)

(၈)

“ဘာလာလုပ်တာလဲ”

ငြိမ်းက သူ့ကို စိမ်းစိမ်းကားကားမေးခဲ့သည်။ သူတို့နှစ်ယောက်ပြန်လည်ပြေလည်ဖို့ ကျွန်တော်ဆုမ တောင်းပေးပါ။ ငြိမ်း၏သူငယ်ချင်းတွေကော သူတို့နှစ်ယောက်ကိုအဆင်ပြေစေချင်သလားဟု စဉ်းစား မိသော်လည်း တကယ်တမ်းလက်တွေ့တွင်တော့ ကျွန်တော်ထင်သလိုဖြစ်နေခဲ့သည်။ သူတို့လည်း ဟို ကောင့်ကို ကြည့်မှ မရဘဲလေ။

“ကိုယ်ငြိမ်းဆီလာတာလေကွာ” Continue reading ““မြူခိုးရယ်…ဝေ” အပိုင်း (၈)”

“မြူခိုးရယ်…ဝေ” အပိုင်း (၇)

(၇)

“ဖေ့စ်ဘုတ်မှာ ကုန်ပစ္စည်းတွေကိုကြော်ငြာပြီး လူသိစေဖို့ကမခက်ပါဘူး၊ ဒါပေမဲ့ ကိုယ့်ပစ္စည်းရဲ့ အကြောင်းကို လူများများဖတ်ဖို့၊ ကြည့်ဖို့က အဓိကကျတယ်လေ”

ကျွန်တော့်စကားကို ငြိမ်းတို့သုံးယောက်လုံးလက်ခံလေသည်။ ထိုအလုပ်နှင့်အသက်မွေးဝမ်းကျောင်းလုပ် နေသောသူမို့ ကျွန်တော်သည် သူတို့ကိုဆရာလုပ်ပိုင်ခွင့် အပြည့်အဝရရှိခဲ့၏။ ငြိမ်းတို့လုပ်ငန်းငယ်က လေး တိုးတက်စေချင်သောစေတနာလည်းအပြည့်ရှိခဲ့ကာ သူတို့အတွက်ပံ့ပိုးလိုသည့်အာသီသလည်းပြင်း ထန်ခဲ့သည်ဟုဆိုရပေမည်။ Continue reading ““မြူခိုးရယ်…ဝေ” အပိုင်း (၇)”

“မြူခိုးရယ်…ဝေ” အပိုင်း (၆)

(၆)

လှည်းတန်း၏မနက်ခင်းအသစ်က ပုံမှန်ထက်ထူးခြားမနေခဲ့ပါ။ တံခါးဖွင့်လိုက်သည်နှင့်လမ်းသွားလမ်း လာများပျားပန်းခတ်လှုပ်ရှားနေသည်ကိုမြင်ရမည်။ အစဉ်အလာကြီးမားသော လှည်းတန်းမီးပွိုင့်တွင် ကားများတန်းစီနေသည်ကိုမြင်ရမည်။ ရန်ကုန်တက္ကသိုလ်ဆီကို ဒီပလိုမာတန်းများလာတက်ကြသော ကျောင်းသူ ကျောင်းသားများ အပြေးအလွှားအချိန်လုသွားနေသည်ကိုမြင်ရမည်။ ကျီးကန်းတစ်ချို့ အမှိုက်ပုံနားတွင် ရစ်သီရစ်သီလုပ်နေသည်ကိုလည်းတွေ့ရမည်။ ထိုမနက်ခင်းများကို ကျွန်တော်ဖြတ် သန်းလာသည်မှာအချိန် တော်တော်ကြာပြီလေ။ ဒီနေ့ကတော့ ဆောင်တော်ကူး ဆိုင်ရှိရာဆီကိုကြည့် ဖြစ်သည်။ ခပ်လှမ်းလှမ်း မို့ သဲသဲကွဲကွဲမမြင်ရ။ ဆိုင်မဖွင့်သေးတာတော့ သေချာသည်။ ဆိုင်တံခါးပိတ် ထားတာကိုတော့ ကျွန်တော် မြင်နေရသည်။ Continue reading ““မြူခိုးရယ်…ဝေ” အပိုင်း (၆)”

“မြူခိုးရယ်…ဝေ” အပိုင်း (၅)

(၅)

ကမ္ဘာပေါ်တွင် ရန်အဖြစ်ဆုံးသမီးရည်စားဟု ဆိုလာပါက ငြိမ်းတို့အတွဲက ထိပ်ဆုံးကပါလိမ့်မည်။ ခဏ ခဏ လည်းပြတ်ကြသည်။ ခဏခဏလည်းပြန်အဆင်ပြေပြန်သည်။ အဲဒီအချက်တွေကြောင့်ပဲ ငြိမ်းနှင့် ကျွန် တော်ချစ်သူတွေအနေအထားကိုရောက်လာခဲ့တာလို့ဆိုရမည်။ ကျွန်တော်ချစ်ရသောငြိမ်းသည် စတွေ့က တည်းက ချစ်သူရှိနှင့်နေခဲ့ပြီးသားပါ။ ဇင်လင်းမောင်ဟုခေါ်သည့် အင်မတန်အတ္တကြီးသည့် ကောင်နှင့် ချစ်သူဖြစ်နေခဲ့ခြင်းပင်။ Continue reading ““မြူခိုးရယ်…ဝေ” အပိုင်း (၅)”