“မြူခိုးရယ်…ဝေ” အပိုင်း (၄)

(၄)

ဂျာကာတာ၏ ည သည်တောက်ပလို့နေလေသည်။ ကျွန်တော်ရုံးကပြန်တော့ အပြင်ဖက်ဆီတွင် မှောင် ရိပ်နည်းနည်းသမ်းသော အနေအထားဖြစ်နေပြီ။ မီးရောင်စုံစထွန်းသည့်အချိန်ပေါ့။ တိုက်တာအဆောက် အဦများဆီ၌ မီးများထိန်ထိန်လင်းစပြုသည်။ အများစုကအဖြူရောင်ဆိုပေမယ့် အစိမ်းရောင်၊ အနီ ရောင်များလည်း ကျိုးတို့ကျဲတဲမြင်ရသည်။ ကားလမ်းပေါ်တွင်တော့ ညီညာချောမွေ့လွန်းလှပါသည်။ ကားကြပ်သည့်အရှေ့တောင်အာရှနိုင်ငံများထဲတွင် ဂျာကာတာလည်းထိပ်ဆုံးကပါသည်။ Continue reading ““မြူခိုးရယ်…ဝေ” အပိုင်း (၄)”

“မြူခိုးရယ်…ဝေ” အပိုင်း (၃)

(၃)

ညအမှောင်ထုကကြီးစိုးလာခဲ့သည်။ ဖွင့်ထားသည့်တံခါးများကိုပိတ်၊ မီးကိုပိတ်၊ ဘုရားရှိခိုးရင်း အိပ်ရန် ကြံရွယ်သည်။ ပင်ပန်းနေပြီမို့ ကျွန်တော်အိပ်သင့်ပြီလေ။ အပြင်ဖက်ဆီမှ ရရှိသော နီယွန်မီးမှိန်မှိန်က လွဲ၍ ကျွန်တော့်အခန်းတစ်ခန်းလုံးအမှောင်အတိဖြစ်သွားခဲ့သည်။ ထို့နောက်ကျွန်တော်အိပ်ပျော် သွားခဲ့ လေသည်။ တံခါးခေါက်သံကြားရသည်အထိပေါ့။ ည သုံးနာရီလောက်တော့ရှိလောက်ပြီ။ တံခါး ခေါက်သံကြောင့် လန့်နိုးလာသည်။ သို့သော်လည်း တံခါးသွားဖွင့်ရန်တော့ မထမိသေး။ Continue reading ““မြူခိုးရယ်…ဝေ” အပိုင်း (၃)”

“မြူခိုးရယ်…ဝေ” အပိုင်း (၂)

(၂)

ဒီဇင်ဘာညဆိုသော်လည်း ဂျာကာတာသည် သိပ်မအေးလှပါ။ ကျွန်တော်တည်းရသည့် အခန်း၏အပြင် ဖက်ဆီတွင်တော့ မီးထိန်ထိန်းလင်းလို့။ အင်ဒိုနီးရှားနိုင်ငံ၏မြို့တော်ဖြစ်သည်နှင့်အညီ ခမ်းခမ်းနားနား မြို့ပြညကို အခန်းပြတင်းပေါက်ကနေလှမ်းကြည့်မိသည်။ ကားများဥဒဟိုသွားလာဖြတ်သန်းနေဆဲ ညပေါ့။ အရှေ့ ဖက်တည့်တည့်ဆီတွင်တော့ ဂျာကာတာဆိုသည့်စာလုံးကို အင်္ဂလိပ်လိုရေးထားပြီး မီးရောင်စုံများထိန် ထိန်လင်းအောင်ထွန်းထားသည်။ အမှောင်ထုကတစ်ချက်တစ်ချက်ဖြစ်လိုက်၊ အနီရောင်မီးကလင်းလာလိုက်၊ အပြာရောင်မီးကပေါ်လာလိုက်ဖြင့် မြင်သူတိုင်း၏ မျက်လုံးပသာဒကို လှည့်စား၍နေလေသည်။ ဂျာကာတာ ဟူသည့် စာလုံးအရွယ်အစားက တစ်လုံးတစ်လုံးကို စကော တစ်ချပ်စာစီ လောက်ရှိသည်မို့ အဝေးကနေကြည့်ပါကလည်း အလွယ်တကူလှမ်းမြင်ရ၏။ Continue reading ““မြူခိုးရယ်…ဝေ” အပိုင်း (၂)”

“မြူခိုးရယ်…ဝေ” အပိုင်း (၁)

(၁)

ကျွန်တော်နှင့် ငြိမ်း၏ ဇာတ်လမ်းသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နောက်ဆုံးအဖြစ် အဆုံးသတ်ပြီဟု ထင်ထား ခဲ့သော်လည်း တကယ်တမ်းတွင်တော့ ဇာတ်လမ်းအစသာရှိပါသေးသည်။ ထို ဇာတ်လမ်းအစကို ပျိုးရန်အတွက် ကျွန် တော် ဂျာကာတာကိုသွားရသည်မှန်း ကိုယ်ကိုယ်တိုင်တောင် မသိခဲ့ပါ။ သေချာတာသည့်အချက်ကတော့ ကျွန်တော်ငိုနေခဲ့သည်။ ကျွန်တော့်မျက်ဝန်းထဲတွင် မျက်ရည် များပြည့်လျှံနေပါလိမ့်မည်။ ပတ်ဝန်းကျင်ကို မျက် ရည်များကာ ပြီးကြည့်နေရသည့်အခါ အရာရာ ဝိုးတဝါးဖြစ်လို့။ မြူခိုးများပိန်းပိတ်အောင်မှောင်နေသည့်လမ်းတွင် မတ်တပ်ရပ်နေရသလို အရာရာ ဝေဝါးလျှက်။ လေဆိပ်ရှိထိုင်ခုံများတွင် လူအပြည့်တန်းစီနေသယောင်၊ မည်သူမျှမရှိဘဲ ကျွန်တော် တစ်ယောက်သာရှိနေသယောင် စိတ်ထင်ယောင်ထင်မှား၍သာရှိတော့သည်။ Continue reading ““မြူခိုးရယ်…ဝေ” အပိုင်း (၁)”