လူလည်းသိပ်မများဘူး။ သွားရတာလည်းသိပ်မပင်ပန်းဘူး။ အရမ်းလည်းလှတယ်။ ကျွန်တော်တို့သွားတဲ့ ပုံကိုတော့ တစ်ပုံချင်းထောက်ကြည့်နိုင်ပါတယ်နော်။
Continue reading “ဘားအံကိုလည်းသွားချင်တယ် လူများမှာလည်းကြောက်တယ်ဆိုရင် ကြာအင်းတောင်ကိုသာသွားပါ”
လူလည်းသိပ်မများဘူး။ သွားရတာလည်းသိပ်မပင်ပန်းဘူး။ အရမ်းလည်းလှတယ်။ ကျွန်တော်တို့သွားတဲ့ ပုံကိုတော့ တစ်ပုံချင်းထောက်ကြည့်နိုင်ပါတယ်နော်။
Continue reading “ဘားအံကိုလည်းသွားချင်တယ် လူများမှာလည်းကြောက်တယ်ဆိုရင် ကြာအင်းတောင်ကိုသာသွားပါ”
ခင်ဗျားလေးတို့ အမှိုက်မပစ်ချခဲ့ဘူးလို့ ကတိပေးရင် မထင်မရှားရေတံခွန်လေးတစ်ခုအကြောင်း ပြောပြ ချင်လို့။ ရန်ကုန်နဲ့သိပ်မဝေးတဲ့နေရာ….တောတွေတောင်တွေကြားထဲမှာ ရှိတဲ့နေရာလေးပါ။ ဒေသခံတွေ ပဲ သွားလာကြတာမို့..ဆယ်လီကိုကိုမမတွေတော့ မရောက်လောက်သေးဘူးရယ်။ Continue reading “တောတောင်တွေကြားက ကျောက်တောင်ရေတံခွန်”
သဘာဝအတိုင်း သက်သက်လွတ်ဆန်အရက်ကိုအခုလိုချက်ခဲ့တာပေါ့လေ။ ဓါတုဗေဒဆိုးဆေး ဘာညာ လုံးဝမပါလို့ ဘေးဥပဒ်ကင်းဝေးစေပါတယ်နော်။
ဆန်အရက်ဆိုက ဆန်၊ ကောက်ညှင်း တို့ကိုကစော်ဖောက်ပြီးရလာတဲ့အရက်ဖြစ်ပါတယ်။ သူ့ချက်နည်း အသေးစိတ်ကတော့ အခုလိုဗျ။ တစ်ပုံချင်းမှာ အဆင့်ဆင့်ရေးထားပါတယ်။ Continue reading “ဦးထွန်းနဲ့အတူ ဆန်အရက် ချက်ကြမယ်”
ဒီတစ်ပတ်ပိတ်ရက်မှာ တောင်ဇလပ်ပန်းတွေပွင့်ရာ တစ်နေရာကိုရောက်ခဲ့ပါတယ်။ ချင်းပြည်တော့
မဟုတ်ဘူး ရယ်။ ရှမ်းပြည်နယ်ဘက်ကတောင်တစ်တောင် ဖြစ်ပါတယ်။ ရင်သပ်ရှုမောအောင်လှတဲ့ နေရာလေးလို့ ဆိုချင်ပါတယ်။ တောင်ဇလပ်ဆို ချင်းပြည်မှာပဲပွင့်တယ်လို့ထင်ထားတာ ရှမ်းပြည်မှာတောင်ဇလပ်ပွင့်တဲ့နေရာရှိတယ်ဆိုလို့ အဲဒီ တောင်ကိုသွားဖြစ်ခဲ့တာပါ။ သွားရလာရ အရမ်းမခက်ခဲပေမယ့် လွယ်ကူချောမွေ့တဲ့ခရီးတစ်ခုတော့မဟုတ် ပါဘူး။ ဒါပေမဲ့ ရောက်တဲ့အချိန်မှာ တော့ ရင်သပ်ရှုမောလောက်တဲ့သဘာဝအလှတရားကို ဘေးပတ်ပတ်လည် မှာတွေ့ရမှာ အသေအချာပဲဗျို့။ Continue reading “တောင်ဇလပ်ပန်းတွေပွင့်တဲ့ ရှမ်းပြည်ကနေရာလေး”
သန်းပေါင်းများစွာသောလင်းနို့တွေက ဂူပေါက်ဝတစ်ခုထဲကနေ နဂါးငွေ့တန်းကြီးလိုထိုးထွက်လာတဲ့ အချိန်ကိုတမင်တကာစောင့်ပြီး ကြည့်ရှုနိုင်တဲ့အခိုက်အတန့်ရှိခဲ့ဖူးပါပြီ။ များလိုက်တဲ့လင်းနို့တွေ မရေမ တွက်နိုင်လောက်အောင်များလိုက်တဲ့လင်းနို့တွေရယ်ပါ။ သန်းနဲ့ချီရှိပြီး မျိုးစိတ်အားဖြင့် ၁၀ မျိုးကျော်ရှိ တယ်လို့ဆိုပါတယ်။ ညနေ ငါးနာရီကျော်လောက်ဆိုရင် သူတို့အဲဒီဂူထဲကနေထွက်လာပြီဆိုတော့ သူတို့ ထွက်လာတဲ့အချိန်ကို သံလွင်မြစ်အပေါ်စီးကနေစောင့်ကြည့်ရတဲ့အရသာ ဘယ်လောက်များကောင်း လိုက်သလဲဆိုတော့ကာ။ Continue reading “သန်းပေါင်းများစွာသော လင်းနို့များနေထိုင်ရာ ဂူကို သံလွင်မြစ်အပေါ်စီးမှ ခံစားခြင်း”