ဘားအံရဲ့ လူသွားလူလာနည်းသေးတဲ့နေရာထဲမှာ ရေလိုဏ်ဂူလည်းပါဝင်ပါတယ်။ သဘာဝကျောက် ဆောင်အထပ်လိုက်အထပ်လိုက်တွေ စုလစ်မွန်ချွန်းလိုကျောက်စက်တွေကို လှေစီးရင်းဓါတ်မီးတစ်လက် နဲ့ ဟိုထိုးကြည့်ဒီထိုးကြည့် စူးစမ်းလို့ရတဲ့အခိုက်အတန့်မှာ စိတ်လှုပ်ရှားချင်တယ်ဆိုရင်တော့ သဘာဝရေ လိုဏ်ဂူကိုသွားတာအကောင်းဆုံးပဲလို့ဆိုချင်တာပေါ့ခင်ဗျာ။ Continue reading “လျှို့ဝှက်ဆန်းပြားသော သဘာဝကျောက်နံရံများရှိရာ ရေလိုဏ်ဂူ သို့”
ငွေဆောင်အနီးတစ်ဝိုက်ရှိ ကျွန်းများကို သူငယ်ချင်းတစ်သိုက်နှင့် လည်ပတ်ခြင်း
ဒီဇင်ဘာဆိုပေမယ့်အရမ်းမအေးတော့ ကမ်းခြေမှာ အပန်းဖြေရင်း အရမ်းတွေကဲလို့အကောင်းဆုံးပါပဲ။ ဒါတင်မကပါဘူး။ ကမ်းခြေအရသာအပြင် အရမ်းလည်းမပင်ပန်းဘဲစွန့်စားခန်းအသေးစားလေးတွေ လုပ်လို့ရတဲ့ ငွေဆောင်နားတစ်ဝိုက်ကကျွန်းတွေဆီလည်ပတ်ခဲ့ပါတယ်။ Continue reading “ငွေဆောင်အနီးတစ်ဝိုက်ရှိ ကျွန်းများကို သူငယ်ချင်းတစ်သိုက်နှင့် လည်ပတ်ခြင်း”
ခမ်းနားခြင်းမြို့တော် ရှန်ဟိုင်း
သွားလည်သင့်တဲ့နိုင်ငံထဲမှာ ရှန်ဟိုင်းပါပေမယ့် သတိထားစရာတွေများတယ်ဆိုတာ သုံးလေးခေါက် လောက်ရောက်ပြီးမှ ဆင်ခြင်မိပါတယ်။ အရမ်းလှအရမ်းမိုက် စျေးဝယ်လို့အရမ်းကောင်းသလို ရှောင်ရန် ဆောင်ရန်လေးတွေလည်းရှိပါတယ်။ ဆိုတော့ ရှန်ဟိုင်းမြို့ကိုရောက်စဉ်ကပေါ့ခင်ဗျာ။ Continue reading “ခမ်းနားခြင်းမြို့တော် ရှန်ဟိုင်း”
မြက်မွှေးပင်များပေါက်ရောက်ရာ တောင်နီတောင် သို့ခရီး
တစ်တောင်လုံးမွှေးပျံ့နေတယ်ဆိုတာမျိုးကို ကိုယ်တွေ့ကြုံလိုက်ရတဲ့အခိုက်အတန့် ဦးထွန်းဘဝမှာကြုံခဲ့ ဖူးပါပြီ။ တောင်ပေါ်ကိုရောက်တာနဲ့ မွှေးပျံ့နေတဲ့အနံ့က နှာခေါင်းထဲကိုလေနဲ့အတူတိုးဝင်လာတယ်။ တောင်ပေါ်မှာပေါက်နေတဲ့မြက်ပင်တွေဆီက လာတာမှန်းသိလိုက်ရတော့ အံအားသင့်မိပါတယ်။ လွယ်ကူတဲ့ခရီးတစ်ခုမဟုတ်ပေမယ့် သွားလာရခက်ခဲတဲ့နေရာလည်းမဟုတ်ပြန်ပါဘူး။ ဒါကြောင့် သူငယ်ချင်းတွေနဲ့ အားလပ်ရက်ခရီးသွားမယ်ဆိုရင်တော့ တောင်နီတောင်က အတွေ့အကြုံ အသစ်တွေ အများကြီးပေးပါလိမ့်မယ်။ Continue reading “မြက်မွှေးပင်များပေါက်ရောက်ရာ တောင်နီတောင် သို့ခရီး”
မြန်မာပြည်ထဲက ဟာဝိုင်ယီ သို့မဟုတ် သလင်းကမ်းခြေများစုဝေးရာကျွန်း
ဦးထွန်းတို့ ဆီမှာ ဟာဝိုင်ယီကျွန်းထက်လှတဲ့နေရာ ရှိတယ်ဆိုရင်ယုံလား။ သမုဒ္ဒရာပြင်ထက်ကိုထိုးထွက် လာနေတဲ့ သန္တာကျွန်းခွေတွေ ကျောက်ခက်တန်းတွေအပြင် သလင်းလိုကြည်လင်တဲ့ရေလှိုင်းတံပိုးတွေ က တိမ်တွေနဲ့တစ်သားတည်းအထပ်လိုက်အထပ်လိုက်ဖြစ်နေတာ အံအားသင့်စရာကောင်းလှပါတယ်။
ဟုတ်တယ်။ မြန်မာပြည်ထဲက ဟာဝိုင်ယီဆီကို ဦးထွန်းရောက်ခဲ့ပါတယ်။ Continue reading “မြန်မာပြည်ထဲက ဟာဝိုင်ယီ သို့မဟုတ် သလင်းကမ်းခြေများစုဝေးရာကျွန်း”