Private Beach အဖြစ် သွားနိုင်တဲ့ ရွှေသောင်ယံ ကမ်းခြေ

ကိုယ့်သူငယ်ချင်း၊ မိသားစုသီးသန့် ပဲ တစ်ကမ္ဘာတည်ဆောက်လို့ရတဲ့ ကမ်းခြေဆိုရင် အခုချိန်မှာတော့ ရွှေသောင်ယံက အကောင်းဆုံးပါပဲ။ နောက် ၂ နှစ်၊ ၃ နှစ်ဆိုရင်တော့ အဲဒီမှာလည်းလူ များလောက်ပါပြီ။ Continue reading “Private Beach အဖြစ် သွားနိုင်တဲ့ ရွှေသောင်ယံ ကမ်းခြေ”

ရှားပါးလူမျိုးစု နှစ်စု နေထိုင်ရာရွာလေးဆီသို့

ယင်းကြားနဲ့ ယင်းနက် ဆိုတဲ့ ရှားပါးမျိုးစုနှစ်စုနေထိုင်တဲ့ ရွာကလေးတွေကို တစ်ခေါက်တော့သွားလည် ခဲ့တာ ပေါ့ခင်ဗျာ။ ရှမ်းလူမျိုးနွယ်စု ၃၃ စုထဲက နှစ်မျိုးဖြစ်ပြီး ရှမ်းပြည်တောင်ပိုင်းမှာနေထိုင်ကြ တာဖြစ်ပါတယ်။

ယင်းလူမျိုးစုစုပေါင်း ၁၄၀၀၀ ဝန်းကျင်ပဲရှိတော့တယ်လို့သိရပါတယ်။ ဝ, ပလောင် အုပ်စုထဲမှာပါဝင်တဲ့ အနွယ်တွေဖြစ်ပါတယ်။ တောင်ကြီးမြို့ကနေ ၇၅ မိုင်အကွာမှာ နမ့်စန်ဆိုတဲ့မြို့လေးရှိပါတယ်။ တောင် ပိုင်းနမ့်စန်ပေါ့။ အဲဒီမြို့ လေးကနေ ခြောက်မိုင်ခုနစ်မိုင်လောက်သွားပြီးနောက် “ယင်း” ရွာလေးတွေကို ရောက်ဖြစ်ခဲ့ပါတယ်။ Continue reading “ရှားပါးလူမျိုးစု နှစ်စု နေထိုင်ရာရွာလေးဆီသို့”

ဆောင်နိုင်ကြီးရေတံခွန်ကိုသွားမယ် ဆိုရင်

ကျိုက်ထီးရိုးရာသီရောက်ပါပြီ။ ဘုရားဖူးပြီးတာနဲ့ရေတံခွန်ကိုအပျော်ခရီးသွားကြဖို့စိတ်ကူးရှိမယ်ဆိုရင် ဆောင်နိုင်ကြီးရေတံခွန်ကို သွားဖို့ ဆောင်ရန်ရှောင်ရန်မျှဝေပေးပါရစေ။ Continue reading “ဆောင်နိုင်ကြီးရေတံခွန်ကိုသွားမယ် ဆိုရင်”

သမိုင်းအမွေအနှစ်တွေနဲ့ မိုးနဲမြို့

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လွိုင်လင်-မိုင်းပန်သွားလမ်း ၄၆ မိုင်မှာ မိုးနဲမြို့တည်ရှိ ပါတယ်။ လွိုင်လင်၊ မိုင်းပန်၊ မန္တလေး၊ ကျိုင်းတောင်း၊ လင်းခေး စတဲ့မြို့တွေနဲ့လမ်းပန်းဆက် သွယ်ရေးရှိတဲ့မြို့လည်းဖြစ်ပါတယ်။
ပင်လယ်မျက်နှာပြင်အထက် ၃,၁၇၉ ပေမြင့်တဲ့နေရာမှာရှိပါတယ်။ မိုးနဲဆိုတာ ရှမ်းဘာသာနဲ့ မိုင်းခင်းဖြစ်ပြီး အဖွားမြို့လို့ဆိုပါတယ်။ Continue reading “သမိုင်းအမွေအနှစ်တွေနဲ့ မိုးနဲမြို့”

လည်စရာအချို့နဲ့ ရွှေတောင်မြို့

မြို့လေးက ကျဉ်းကျဉ်းလေး။ နာမည်က ရွှေတောင်။ ကျွန်တော်ရောက်ခဲ့တာက ခဏလေး။ ဒါပေမဲ့ လည်စရာတွေအများကြီး၊ ခမ်းနားကြီးကျယ်လွန်းတဲ့သမိုင်းကြောင်းတွေအများကြီး။ ရာဇဝင်တွေ ထည်ဝါမှုတွေအများကြီး။ Continue reading “လည်စရာအချို့နဲ့ ရွှေတောင်မြို့”