ရန်ကုန်နဲ့ ၅ နာရီခွဲသာသာလောက်မောင်းရတဲ့ပြည်မြို့မှာ စိတ်ဝင်စားစရာလည်ပတ်မယ့်နေရာတွေ အရသာအရမ်းရှိတဲ့အစားအသောက်တွေပါပါတယ်။ ဘုရားထီးတော်နှစ်ထပ်ရှိတဲ့တန်ခိုးကြီးရွှေဆံ တော်ဘုရား၊ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သရေခေတ္တရာ အစီချီတဲ့နေရာတွေကနေ တောလက်ဖက်၊ ကြက်သောက်ဆမ်း အဆုံးအစားအသောက်၊ အလည်အ ပတ်စုံတဲ့အကြောင်းကြောင့် ပြည်ကိုနှစ်တိုင်းလိုလိုရောက်ဖြစ်ပါတယ်။ အဲဒီနောက်တော့ စိတ်ဝင်စားစ ရာနေရာ၊ စားစရာတွေကိုိမြည်းစမ်းဖြစ်ပါတယ်။ Continue reading “ပြည်မြို့တစ်ခွင် စားကောင်းသောက်ဖွယ်နဲ့ စိတ်ဝင်စားစရာအလည်အပတ်ခရီးများ”
စစ်ကိုင်းတစ်ခွင်မှ စားစရာများ
စစ်ကိုင်းရောက်လို့ ဒါတွေမှမစားရရင် ရောက်ရကျိုးဘယ်နပ်မလဲနော်။ တကယ်ဆိုရင် စစ်ကိုင်းတိုင်း ဒေသကြီးမှာ လည်စရာ သွားစရာ လာစရာတွေ အကြောင်းပြောရရင်ပြောမဆုံးပေါင် တောသုံးထောင်ပါပဲ။ ခရီးသွားဘလော့ ဂါတွေလည်း ပုံစံအမျိုးမျိုးနဲ့ရေးခဲ့ကြတာကို ဖတ်ဖူးပြီးပါပြီ။ အချိန်ကလည်းမရ လျှောက်လည်ဖို့လည်း ပင်ပန်းတာကြောင့် စားစရာတွေချည်းရှာဖွေစားသောက်ခဲ့ပါတယ်။ Continue reading “စစ်ကိုင်းတစ်ခွင်မှ စားစရာများ”
ချင်းမိုင်ကို အခု ချိန်ဘာကြောင့်သွားသင့်တာလဲ
ချင်းမိုင်ဆိုရင်တော့ ထိိုင်းနိုင်ငံရဲ့မြောက်ပိုင်းမှာရှိတဲ့တောင်ပေါ်မြို့၊ ပြင်ဦးလွင်လိုရာသီဥတုကိုပိုင်ဆိုင် ထားတဲ့မြို့၊ ကားမကြပ်၊ လူမပိတ်တဲ့သီးသန့်မြို့လေးဆိုပြီး လူသိများတာပေါ့လေ။ မိုးတွင်းပေမယ့် ပူတယ်ဆိုတော့ ရာသီဥတုအေးစိမ့်စိမ့်လေးရှိတဲ့ ပြည်ပတစ်နေရာကိုသွားဖို့စိတ်စား ထားတယ်ဆိုရင်တော့ ချင်းမိုင်ကိုစိတ်ကူးယဉ်လိုက်ပါတယ်။ မြန်မာနိုင်ငံနဲ့အနီးဆုံးရှိတဲ့မြို့ ရှမ်းပြည် နယ်နဲ့ ကပ်ရက်မြို့လေးမှာ မြန်မာအငွေ့အသက်တွေနဲ့ပြည့်နှက်နေတာပေါ့။ လည်စရာတွေလည်းပေါ၊ စားစရာတွေလည်းပေါ၊ စျေးလည်းအရမ်းမကြီးတာမို့ ချင်းမိုင်ဟာ သဘောကျ စရာတွေနဲ့ပါပဲ။ Continue reading “ချင်းမိုင်ကို အခု ချိန်ဘာကြောင့်သွားသင့်တာလဲ”
Jelly Fish ထောင်သောင်းပေါင်းများစွာ ရှိရာ ဂွ ကျွန်းဆီသွားမလား
ကမ်းခြေတော်တော်များများမှာ မတွေ့ရတဲ့ အစုလိုက်အပြုံလိုက် Jelly Fish အုပ်စုကြီးတွေ ကျက်စား ပျော်မြူးတဲ့နေရာ ကိုယ်တွေအနားမှာ ရှိတယ်ဆိုတာကို အဲဒီကျွန်းရောက်မှ မျက်ဝါးထင်ထင် တွေ့ခဲ့ရတာပါ။ ဒါတင်မကသေးပါဘူး။ လူလုပ်ကျွန်းမဟုတ်တဲ့ သဘာဝအတိုင်းတည်ရှိနေတဲ့ ကျောက် ဆောင်၊ ကျောက်တောင်တွေ၊ မြင်ရစားရဖို့သိပ်မလွယ်ကူတဲ့ ငါးမျိုးစိတ်တွေ၊ လူသံကြားရင်ထွက်မ ပြေးတတ်တဲ့ ဝင်ကစွပ်အစုလိုက်အပြုံလိုက်တွေကိုလည်း အဲဒီကျွန်းမှာတွေ့ရတတ်ပါတယ်။ Continue reading “Jelly Fish ထောင်သောင်းပေါင်းများစွာ ရှိရာ ဂွ ကျွန်းဆီသွားမလား”
ပိုက်ဆံတစ်သိန်းနဲ့ ငပလီ သွားမယ်
ငပလီစျေးကြီးတယ်ဆိုတာကို ဆန့်ကျင်ဖို့အတွက် ပိုက်ဆံတစ်သိန်းနဲ့ငပလီထွက်ခဲ့တဲ့အခိုက် အတန့် ရှိပါတယ်။ တကယ်လည်းပြန်လာရော တစ်သိန်းမကျပါဘူး။ ရှစ်သောင်းလောက်ပဲကျတယ်ဗျ။ ကျွန် တော်တို့လူများတာလည်းပါမှာပေါ့လေ။ အဖွဲ့လိုက်သွားရင်တော့ တစ်ယောက်ကို တစ်သိန်းနဲ့လုံ လောက်ပါတယ်။ Continue reading “ပိုက်ဆံတစ်သိန်းနဲ့ ငပလီ သွားမယ်”