သံတောင်ကြီး ဖီလင်

ဒီလိုအချိန် ဒီလိုရာသီမှာ သွားနေကြတဲ့ သံတောင်ကြီးဖီလင်အကြောင်းပြောချင်လို့ပါ။ ကရင်ပြည် နယ်မြောက်ပိုင်းမှာရှိတဲ့ နေရာလေးတစ်ခု၊ ရန်ကုန်နဲ့လည်း သိပ်မဝေးတာမို့ ပိတ်ရက်အများကြီးမရတဲ့ သူတွေအတွက် သွားလည်လို့ကောင်းတဲ့နေရာလေးတစ်ခု ဖြစ်ပါတယ်။ တောင်ငူရဲ့မိုင် ၃၀ အကွာ၊ ပင် လယ်ရေမျက်နှာပြင်အထက် ၄၈၂၄ ပေမှာရှိပါတယ်။ ကျော်ကတော့ သံတောင်ကြီးကိုကားငှားပြီး တော့ တစ်ခေါက်၊ သူငယ်ချင်းတွေစုပြီး တောင်ငူကနေတစ်ခေါက်နဲ့ ရုံးကအစ်မတစ်ယောက်မင်္ဂလာ ဆောင်သွားရင်းတစ်ခေါက် စုစုပေါင်း သုံးခေါက်ရောက်ခဲ့ပါတယ်။

Continue reading “သံတောင်ကြီး ဖီလင်”

အဝတ်အစားတွေနဲ့ စားစရာ အရမ်းပေါတဲ့ ထိုင်ဝမ်က “ရှိလင် ညစျေး”

ထိုင်ဝမ်ကိုရောက်ရင် မဖြစ်မနေသွားသင့်တဲ့နေရာမှာ ရှိလင်းညစျေး (Shilin Night Market) ပါပါတယ်။ နာမည်ကြီးအမှတ်တံဆိပ်အဝတ်အထည်တွေကို စျေးပေါပေါနဲ့ရနိုင်တယ်။ တိုင်ပေအစားအစာတွေကို အရသာရှိရှိနဲ့ စုံစုံလင်လင်မြည်းစမ်းနိုင်မယ်။ ကျော် တို့ဆီမှာပွဲစျေးပတ်သလိုအရသာမျိုးကိုလည်းရရှိ နိုင်မှာဖြစ်ပါတယ်။

Continue reading “အဝတ်အစားတွေနဲ့ စားစရာ အရမ်းပေါတဲ့ ထိုင်ဝမ်က “ရှိလင် ညစျေး””

ရွှေကျင်…..အမှတ်တရတွေများတဲ့ မြို့

ရွှေကျင်မြို့ဆိုရင် ပြေးမြင်မိတာ မီးမျှောပွဲကျင်းပတဲ့မြို့။ ပဲခူးတိုင်းဒေသကြီး အစွန်းတစ်နေရာကမြို့ ငယ်လေးတစ်မြို့ဆိုတာထက်မပိုပါဘူး။ မီးမျှောပွဲကျင်းပတဲ့ရာသီရောက်ရင် သွားလည်ကြတယ်။ ပွဲ တော်မှာပျော်ပါးကြတယ် ဒီလောက်ပဲလေ။

Continue reading “ရွှေကျင်…..အမှတ်တရတွေများတဲ့ မြို့”

ကျော်တို့ ဖိုးကျားဆင်ခန်းကို သွားခဲ့တယ်

ဘော်ဒါတွေ အမျိုးတွေစုံတုန်းသွားလို့ကောင်းတဲ့နေရာလေးတစ်ခုကိုပြောပါဆိုရင် ဖိုးကျားဆင်စခန်းကို လည်းညွှန်းလို့ရပါတယ်။ ရန်ကုန်နဲ့သိပ်အဝေးကြီးမဟုတ်ဘူး၊ လမ်းမှာ အခြားနေရာတွေလည်းလည်လို့ ပတ်လို့ရတယ်၊ သီးသန့်သွားချင်ရင်လည်းရပါတယ်။ ဆိုတော့ကာ ဖိုးကျားဆင်စခန်းသွားခဲ့တယ်ပေါ့ ဗျာ။

Continue reading “ကျော်တို့ ဖိုးကျားဆင်ခန်းကို သွားခဲ့တယ်”

ရှမ်းပြည်တောင်ပိုင်း နမ့်စန်ကိုသွားလည်ကြမယ်

တောင်ပိုင်းနမ့်စန်ဆိုတာ ကျော် တို့လိုရန်ကုန်အခြေစိုက်ခရီးသွားချင်သူတွေအတွက် မထင်မရှားနေ ရာလေးပါ။ ဒါပေမဲ့ အဲဒီမထင်မရှားနေရာလေးကပဲ အံအားသင့်လောက်အောင်ဆွဲဆောင်မှုကောင်းစေ ခဲ့ပါတယ်။

Continue reading “ရှမ်းပြည်တောင်ပိုင်း နမ့်စန်ကိုသွားလည်ကြမယ်”