ကျိုက်ထီးရိုးကို ကေဘယ်လ်ကားနှင့် တက် သောအခါ

ဒီနှစ်ကျိုက်ထီးရိုးရာသီမှာ တောင်ပေါ်ကို ကေဘယ်လ်ကားနဲ့တက်တာ ရေပန်းစားလိမ့်မယ် လို့ ကျွန်တော်ထင်တာပေါ့။ တစ်ခါလောက်တော့ စမ်းကြည့်စေချင်တယ်။ ကျိုက်ထီးရိုးကေလ်ဘယ်ကားက ကျွန်တော်ထင်သလိုမျိုးတောင်အောက်ကနေတောင်ပေါ်အထိရောက်တာမဟုတ်ပါဘူး။ ရသေ့တောင် စခန်း (အရင်ကားတစ်ထောက်နားရာနေရာ) ကလည်းမဟုတ်ပါဘူး။ အခြားသပ်သပ်တစ်နေရာကနေ စီးရပါတယ်။ တောင်ပေါ်တက်တဲ့ကားနဲ့အရင်တက်ပြီး ကေဘယ်လ်ဂိတ်မှာရပ်ပေးတဲ့အခါ ဆင်းစီးရ တာဖြစ်ပါတယ်။

Continue reading “ကျိုက်ထီးရိုးကို ကေဘယ်လ်ကားနှင့် တက် သောအခါ”

ဂဝံယဉ်ကျေးမှုလက်ရာများထွန်းကားရာ ကျိုက်ထီးဆောင်းစေတီ

ကျိုက်ထီးဆောင်းကို ပထမတစ်ကြိမ်ရောက်တုန်းကတော့ ပုံမှန်စေတီတစ်ဆူကို သွားရောက်ဖူးမျှော်ရုံ အဆင့်ပါပဲ။ ကျိုက်ဆိုတဲ့နာမည်ပါတဲ့ဘုရားတွေက မွန်ဘုရားတွေဆိုတဲ့အသိကလွဲရင် ဘာမှ မရှိပါဘူး။ ဒါပေမဲ့ ဒုတိယအကြိမ်မြောက် ကျိုက်ထီးဆောင်းကိုရောက်တဲ့အချိန်မှာတော့ အဲဒီထက်ပိုခဲ့ ပါပြီ။ ကျိုက်ထီးဆောင်းဆိုတာ မွန်တို့ရဲ့ယဉ်ကျေးမှုတည်ရှိရာ၊ အနုပညာလက်ရာတွေရှိတဲ့နေရာ တစ်ခု ဆိုတာ သိလာခဲ့ပါတယ်။

Continue reading “ဂဝံယဉ်ကျေးမှုလက်ရာများထွန်းကားရာ ကျိုက်ထီးဆောင်းစေတီ”

ရှမ်းမြောက်မှာ ဆေးမြစ်ပေါင်းနဲ့ရေချိုးတဲ့မြို့ရှိတယ်

ရှမ်းပြည်မြောက်ပိုင်းက ကျောက်မဲမြို့လို့ဆိုလိုက်တာနဲ့ ဆေးပေါင်းချိုးတဲ့အလေ့အထကိုမြင်မိကြမယ် ထင်ပါတယ်။ အခုချိန်အထိကျော် သွားလာလှည့်ပတ်ဖူးသမျှနေရာတွေ ထဲမှာ ကျောက်မဲမြို့ မှာ ဆေး ပေါင်းချိုးခဲ့တာအမှတ်တရတစ်ခုဖြစ်လို့့နေပါတယ်။

Continue reading “ရှမ်းမြောက်မှာ ဆေးမြစ်ပေါင်းနဲ့ရေချိုးတဲ့မြို့ရှိတယ်”

သမိုင်းတွေရှိရာ ဂျာကာတာ

အင်ဒိုနီးရှားနိုင်ငံရဲ့မြို့တော်ဂျာကာတာမှာ စိတ်ဝင်စားစရာနေရာတွေအများကြီးပါ။ ဒါပေမဲ့အဲဒီအထဲက မှ သမိုင်းဝင်နေရာကို ကျော် သွားလည်ဖြစ်ခဲ့ပါတယ်။ အလုပ်ကိစ္စသွားတော့ အင်ဒိုနီးရှားသူ အင်ဒိုနီး ရှားသားတွေနဲ့ အုပ်စုဖွဲ့စကားပြောဖြစ်တော့ သူတို့ကိုတစ်ခုမေးလိုက်ပါတယ်။ ငါအခုမှ ဒီကိုရောက်ဖူး တာ ဘယ်ကိုသွားလည်သင့်လဲ ဆိုတော့ အားလုံးကတစ်သံတည်းဖြေကြပါတယ်။ Old Jakarta တဲ့။ အဲဒါနဲ့ ကျော်လည်း ဂျာကာတာမြို့ဟောင်းကိုရောက်ဖြစ်ခဲ့တယ်။ ဘာတွေ့ရသလဲဆိုတော့ဗျာ။

Continue reading “သမိုင်းတွေရှိရာ ဂျာကာတာ”

ဘန်ကောက်ကနေ ပိုက်ဆံ ၃၉ ဘတ်တည်းနဲ့ ရောက်နိုင်တဲ့ ကမ်းခြေ (Hua Hin)

ထိုင်းနိုင်ငံရဲ့ ကမ်းခြေလို့ဆိုလိုက်တာနဲ့ Hua Hin ကမ်းခြေကိုသတိပြုမိတဲ့သူနည်းပါလိမ့်မယ်။ နာမည် ကျော်ဖူးခက်တို့ ပတ္တရားတို့ကိုပဲသွားကြတယ်မဟုတ်လား။ ကျော်တို့ ပြီးခဲ့တဲ့အခေါက် ဘန်ကောက် ရောက်တုန်းက Beach သွားမယ်ဆိုတော့ Hua Hin ကိုရွေးလိုက်ကြပါတယ်။ လူရှင်းတယ်လို့ကြားဖူး တာရယ်၊ မရောက်ဖူးလို့ သွားကြည့်ချင်တာရယ်ကြောင့်ပါ။ သွားလက်စနဲ့ တစ်ခါမှမသွားဖူးတဲ့ပုံစံနဲ့ သွားကြရအောင်လို့တိုင်ပင်ရင်း စျေးအသက်သာဆုံးခရီးစဉ်ကိုရွေးချယ်ခဲ့ကြပါတယ်။

Continue reading “ဘန်ကောက်ကနေ ပိုက်ဆံ ၃၉ ဘတ်တည်းနဲ့ ရောက်နိုင်တဲ့ ကမ်းခြေ (Hua Hin)”